လိပ်သိုမြို့ ကျေးရွာများတွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည် ရွေးချယ်နိုင်ရေးအတွက် ကြီးကြပ်ရေးမှူးအဖွဲ့ ရွေးချယ်ခြင်း

ကရင်ပြည်နယ်၊ ဘားအံခရိုင် ၊ လိပ်သိုမြို့ မောင်ကျော်ကျေးရွာအုပ်စု၊ မောက်ဘလောက်ကျေးရွာ အုပ်စု၊ ကျေးကတော့ကျေးရွာအုပ်စု၊ ငွေတောင်ကျေးရွာအုပ်စု၊ ကဆောပလိုကျေးရွာအုပ်စု၊ ငှက်ပျောတောကျေးရွာအုပ်စုနှင့် ချီးသူစောကျေးရွာအုပ်စု တို့၌ ရပ်ကွက်(သို့မဟုတ်) ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့၀င်များ ပြန်လည် ရွေးချယ် နိုင်ရေးအတွက် ကြီးကြပ်ရေးမှူးအဖွဲ့ ရွေးချယ်ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ကျေးရွာများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စက်ရေတွင်းပြင် သင်တန်း သားများ လက်တွေ့မြေပြင်ကွင်းဆင်း လေ့ကျင့်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက် မွေးဝမ်း ကြောင်း အထောက်အကူပြု စက်ရေတွင်းပြင်သင်တန်းများ မြေပြင်ကွင်းဆင်း လက်တွေ့သင် ကြားမှုများကို ယမန်နေ့နံနက် (၉) နာရီအချိန်ခန့်က အုတ်ဖိုကျေးရွာ၌ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေးကျင့်စဉ်ဆိုင်ရာ ဆရာဖြစ် သင်တန်းဖွင့်လှစ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး သင်တန်းခန်းမ၌ ယနေ့ နံနက် (၉) နာရီတွင် ကျင်းပသည့် ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်ဆိုင်ရာ ဆရာဖြစ်သင်တန်းဖွင့်ပွဲကို သင်တန်းသား/ သင်တန်းသူ (၂၂) ဦးဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

သံတောင်ကြီးမြို့နော်ဘူဘော(ဘွယ်ဟီခို)ဆုတောင်းတောင်အတက်လမ်းတွင် အုတ်စီရေမြောင်းလုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်မြို့ဖြစ်ပြီး မိုးတွင်းအချိန်တွင် တောင်ကျရေများကြောင့် လမ်းပျက်စီးမှုများရှိသည့်အတွက် မြို့တွင်းလမ်းများ ပျက်စီးမှုမရှိစေရန်နှင့် သန့်ရှင်းသာယာ လှပစေရန် ၊ရေစီးရေလာကောင်းမွန်‌စေရေးတို့အတွက် သံတောင်ကြီးမြို့ နော်ဘူဘော (ဘွယ်ဟီခို) ဆုတောင်းတောင် အတက်လမ်းအား အုတ်စီရေမြောင်း လုပ်ငန်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

လမ်းမ​တော်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကာလ အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ရပ်ကွက်များအလိုက် ထပ်တိုး ထောက်ပံ့ငွေ ပေးအပ်လျက်ရှိရာ ယမန်နေ့ ညနေ(၄)နာရီအချိန်က အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးတွင် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးအေးမာ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က အိမ်ထောင်စု(၃၀)စုတို့အတွက် တစ်အိမ် ထောင်လျှင် ငွေကျပ်(၄၀၀၀ဝ)နှုန်း ဖြင့် ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သံတောင်မြို့တွင်(MCCT)အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်မိခင်များ နှင့် အသက်(၂)နှစ် အောက် ကလေးငယ်များအားထောက်ပံ့ငွေပေးအပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ၊ပထမသုံးလပတ် အတွက် (MCCT)အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်မိခင်များ နှင့်၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ် အောက်ကလေးငယ်များအား ထောက်ပံ့ငွေများကို သံတောင်မြို့ ရပ်ကွက် (၄)ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့် တာဝန်ရှိသူတို့ကသွား ရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

​ကျောက်တံတားမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေး

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ဦးစီးဌာနမှ ကျန်းမာ​ရေး ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD ပထမအကြိမ် ထိုးနှံပေးခြင်းကို မြို့နယ် ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနကို ယမန်​​နေ့ နံနက်ပိုင်းမှ စတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

နောင်ချိုမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော ထပ်တိုးအိမ်ထောင်စုဝင်များအား တစ်အိမ်ထောင် လျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် ထောက်ပံ့

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုများ၌ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုဝင်များအတွက် နိုင်ငံတော်မှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်(၂၀၀၀၀)နှုန်း ထောက်ပံ့ပေးလျက်ရှိရာ မရရှိသေးသော ထပ်တိုးအိမ်ထောင်စုဝင်များအား ယမန်နေ့က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

လှိုင်မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​​နောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (COVISHIELD) ထိုးနှံခြင်းကို ယမန်နေ့ နံနက်(၉)နာရီက လှိုင်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတွင် စတင်ထိုးနှံခဲ့ကြောင်း သိရှိရသည်။

ဖယ်ခုံမြို့နယ် ကုန်းဆုံကျေးရွာအုပ်စု၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး နည်းဥပဒေ ထပ်ဆင့်အသိပေးရှင်းလင်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ် ကုန်းဆုံကျေးရွာအုပ်စု၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး နည်းဥပဒေအား ထပ်ဆင့်အသိပေး ရှင်းလင်းပွဲကို ယနေ့ နံနက် ၁၀ နာရီက လွယ်ပါသာကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပ သည်။
Subscribe to