တနင်္သာရီမြို့နယ်၊ စာစစ်ဌာန (၄)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ ရူပဗေဒဘာသာရပ်ကို ဖြေဆိုသူ ကျောင်းသား/သူ (၁၇၀၆)ဦးရှိ
၂၀၂၀ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၊ ရူပဗေဒဘာသာရပ်တွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းရှိ စာစစ်ဌာန(၄)ခုတွင် ယနေ့ နံနက် ၉နာရီ မှ ၁၂နာရီ အထိ၊ အတွင်းဖြေဆိုသူနှင့် ပြင်ပဖြေဆိုရန် စာရင်းရှိ ကျောင်းသူ/သား (၁၈၄၉)ဦး အနက်၊ (၁၇၀၆)ဦး ဖြေဆိုကြပြီး၊ (၁၄၃)ဦး ဖြေဆိုရန် ပျက်ကွက်ခဲ့သဖြင့် ဖြေဆိုမှုရာခိုင်နှုန်းမှာ (၉၂.၂၇)ဖြစ်ကြောင်း သိရှိရသည်။