ခန္တီးမြို့၌ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းဆွေးနွေးပွဲ ကျင်းပပြုလုပ်
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့၌ COVID-19 ရောဂါ ကာကွယ်ရေးနှင့် ကုသရေးဆိုင်ရာ လုပ်ငန်းများ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေး ခန်းမတွင် ကျင်းပသည်။