ရှမ်းရွာသစ်မြို့၌ အသက် (၈၅)နှစ် နှင့်အထက် သက်ကြီးဘိုးဘွား (၆၁)ဦးအား လူမှုရေး ပင်စင် ထောက်ပံ့ကြေးများ ပေးအပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီး ဘိုးဘွား (၆၁)ဦး အား လူမှုရေးပင်စင်ထောက်ပံ့ကြေး ပေးအပ်ပွဲကို ယမန်နေ့က ရှမ်းရွာသစ်မြို့ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

MRCCI အသင်းမှ ဦးဆောင်၍ ဆန်နှင့် ကြက်ဥများအား သက်သာသော စျေးနှုန်းဖြင့် မန္တလေး မြို့တွင်း လှည့်လည် ရောင်းချပေးမည်

COVID-19 ဗိုင်းရပ်စ်ရောဂါအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကမ္ဘာ့ကပ်ရောဂါ (Pandemic) အဖြစ် သတ်မှတ်ကြေငြာခဲ့သည့်အတွက် မန္တလေးတိုင်းဒေသကြီး ကုန်သည် များနှင့် လုပ်ငန်းရှင်များ အသင်း (MRCCI) မှ ဦးဆောင်၍ ညီနောင် စီးပွားရေးဆိုင်ရာ အသင်း အဖွဲ့များ၏ ပူးပေါင်းပါဝင်မှုဖြင့် Covid -19 နှင့် ပတ်သက်၍ ရောဂါထိန်းချုပ်ရေးနှင့် ပြည်သူလူထုအတွင်း စိုးရိမ်မှုများကြောင့် အခြေခံ စားသောက်ကုန်များ ဝယ်ယူ စုဆောင်း လျက်ရှိရာ ကုန်စျေးနှုန်း မြင့်တက်မှုများ မရှိစေရေး၊ ကုန်စျေးနှုန်းတည်ငြိမ်ရေးနှင့် ပြည်သူ များ စိုးရိမ်မှုများ မရှိစေရေးတို့အတွက် အခြေခံ စားသောက် ကုန်များဖြစ်သော ဆန်နှင့် ကြက်ဥများအား မန္တလေးမြို့တွင်းသို့ လှည့်လည်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း ယမန်နေ့က အဆိုပါ အသင်းရုံး၌ ကျင်းပပြုလုပ်သော  အစည်းအဝေးမှ သိရသည်။

ကြံခင်းမြို့တွင် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း (၁၀၀၀)ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအတွက် (ပထမအကြိမ်) ၅၀ ရာခိုင်နှုန်း ထုတ်ပေးခြင်း အခမ်း အနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထာင်စု လွှတ်တော် ဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း (၁၀၀၀) ဖြင့် ဆောင်ရွက်မည့် ဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက် (ပထမ အကြိမ်) ၅၀ ရာခိုင်နှုန်း ထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ကြံခင်းမြို့ ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုးမောက်မြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်

ကချင်ပြည်နယ်၊ မိုးမောက်မြို့၊ အလင်းကောင် ရပ်ကွက်တွင် နိုင်ငံသား စိစစ်ရေး ကတ်ပြား ပေးအပ်ပွဲ အခမ်းအနားကို နှစ်ခြင်း သာသနာဝန်း၌ ယနေ့ နံနက် (၉)နာရီခွဲ တွင် ကျင်းပသည်။

နမ့်စန်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ (ရူပဗေဒဘာသာရပ်)ကို ကျောင်းသား၊ ကျောင်းသူ ၁၁၃၃ ဦး လာရောက်ဖြေဆို

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ (ရူပဗေဒဘာသာရပ်) ကို ယနေ့ နံနက် ၉နာရီက အ.ထ.က (နမ့်စန်) စာစစ်ဌာနနှင့် အ.ထ.က(ခိုလမ်) စာစစ်ဌာန ၂ခုတွင် ဖြေဆိုခဲ့ရာ စာရင်းရှိ ၁၂၂၂ ဦးတွင် လာရောက် ဖြေဆိုသူ ၁၁၃၃ ဦးရှိပြီး ဖြေဆိုရန်ပျက်ကွက်သူ ၈၉ဦး ရှိကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်နှင့် ထိစပ်နေသော ငမိုးရိပ်ချောင်းဘေး တစ်လျှောက် ကမ်းထိန်း ပြုလုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် (င)ရပ်ကွက်နှင့် ထိစပ်နေသော ငမိုးရိပ် ချောင်းဘေး တစ်လျှောက် ကမ်းထိန်း ပြုလုပ်ခြင်း လုပ်ငန်းများကို ယနေ့ နံနက် ၇ နာရီ က ဆက်လက် ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

ကန်ကြီးထောင့်မြို့၌ ကျေးရွာ (၂၀)အား VDP ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာ‌ရေးနှစ် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) ဖြင့် ဆောင်ရွက်မည့် ကျေးရွာ(၂၀)အား ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါ ဦးစီးဌာန ရုံးခန်းမ၌ ကျင်းပသည်။

ဟားခါးမြို့၌ သက်တမ်းလွန် စားသောက်ကုန်များနှင့် စားသောက်ရန် မသင့်သော စားသောက်ကုန်များ ရောင်းချမှု မရှိစေရေး ကွင်းဆင်း စစ်ဆေး

ချင်းပြည်နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာ လဲ့စ်လီဗန်ဘိခ့် ဦးဆောင်၍ ပူးပေါင်း ကော်မတီအဖွဲ့တို့သည် ယနေ့နံနက် ၁၀ နာရီ အချိန်က ဟားခါးမြို့၊ ကျောဘုတ် ရပ်ကွက်ရှိ စားသောက်ကုန် အရောင်းဆိုင်များသို့ ရောက်ရှိပြီး

ဆောမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၄၅၉)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ကြေးများ ပေးအပ်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား (၄၅၉)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ကြေးငွေများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဒုတိယ (၃)လ အတွက် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိကြောင်း သိရသည်။

ဝက်လက်မြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း ဝန်ထမ်းအိမ်ရာ အဆောက်အဦ ဆောက်လုပ်နေမှု မြို့နယ်အရည်အသွေး စစ်ဆေးရေးအဖွဲ့ သွားရောက်စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ပြည်သူ့ဆေးရုံဝင်းအတွင်း ဝန်ထမ်းအိမ်ရာ အဆောက်အဦ (၂)လုံး ဆောက်လုပ်နေခြင်းကို မြို့နယ်အရည်အသွေး စစ်ဆေးရေးအဖွဲ့က ယနေ့ နံနက် (၉) နာရီက သွားရောက် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Subscribe to