ကလေးငယ်များအား သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး အသိပညာပေး အခမ်းအနား ကျင်းပ
မံစီ ဇန်နဝါရီ ၃
ကလေးငယ်များအား သဘာဝဘေးအန္တရာယ် ကာကွယ်လျှော့ချရေးဆိုင်ရာ အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ကချင်ပြည်နယ်၊ မံစီမြို့ အခြေခံပညာအထက်တန်းကျောင်း(မံစီ)၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကလေးငယ်များအတွက် သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေးအသိပညာပေး အစီအစဉ်ကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်ကာ သဘာဝဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး အစီအစဉ် ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။