အမြို့မြို့အနယ်နယ်သတင်းများ

May 12,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် မေလ ၁၂ ရက်နေ့ နံနက်ပိုင်းက  အောင်ဆန်းရပ်ကွက်ရှိ အ.ထ.က(၃)တွင် ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများက ပြင်ဆင် ဆောင်ရွက် မှုများကို စုပေါင်းပြုလုပ်ခဲ့ကြသည်။
May 12,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်၍ ပညာရေးဝန်ကြီးဌာန၊ မြို့နယ်ပညာရေးဦးစီးဌာန၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ယမန်နေ့နံနက်ပိုင်းမှစ၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
May 12,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆူးကလပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မော်တာ စက်ချုပ်သင်တန်းကို မေ (၅) ရက်နေ့မှ ဇူလိုင်(၇ )ရက်နေ့အထိ သင်ကြားပို့ချ ပေးလျက်ရှိကြောင်း သိရသည်။
May 12,2021
မြန်မာနိုင်ငံသား၊ တိုင်းရင်းသားများနှင့် တိုင်းရင်းသားမဟုတ်သော်လည်း ဥပဒေနှင့်အညီ နိုင်ငံသားဖြစ်သော ဥပဒေအရ နိုင်ငံသားများအား ၁၉၄၉ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေတို့ဖြင့် လည်းကောင်း၊ ၁၉၅၁ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးနည်း ဥပဒေတို့ဖြင့်လည်းကောင်းစိစစ်၍ အိမ်ထောင်စုလူဦးရေစာရင်း ထုတ်ပေးခြင်း လုပ်ငန်း၊ ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး အတွက် ပန်းခင်းစီမံချက်ဖြင့် ၂၀၂၁ခုနှစ်၊ မေလ ၃ရက်နေ့မှ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၃ရက်နေ့အထိ စုစုပေါင်း (၁၈) လတာ ကာလကြာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ချမ်းအေးသာစံမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ သိရသည်။
May 12,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အတွက် အခြေခံပညာ စာသင်ကျောင်းများတွင် တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများ‌ ကျောင်းအပ်နှံရာတွင် မိဘပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များပါဝင်သည့် ဗွီနိုင်း၊ ပိုစတာများကို ယနေ့ နံနက်ပိုင်းအချိန်က မြို့နယ် ပညာရေးမှူးရုံးရှေ့နှင့် အ.ထ.က ၁ ကျောင်းရှေ့တို့၌ ကပ်ထားကြေညာထားကြောင်း သိရသည်။
May 12,2021
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များသည် စာဖတ်ဝါသနာ ပါသူများအား စာပေနှင့် စဉ်ဆက်မပြတ် ထိတွေ့စေ‌‌ရေး အတွက် မိုဘိုင်းစာငှားစနစ်ဖြင့် ဝန်ဆောင်မှု ပေးလျက်ရှိရာ ယမန်နေ့ နေ့လယ် ၁ နာရီခွဲအချိန်က သမဝါ ယမအသင်းစုရုံးသို့ Mobile library ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
May 12,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် တစ်နှစ်အောက် ကလေးငယ်များအတွက် ပိုမိုကောင်းမွန်သော အနာဂတ် ရရှိခံစားနိုင်ရေးအတွက် ကူးစက်ရောဂါများ ကာကွယ်နိုင်ရေး ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ မေလပထမပတ်တွင် ပြန်လည်ထိုးနှံ‌ ပေး လျက်ရှိကြောင်း သိရှိရသည်။
May 12,2021
ကရင်ပြည်နယ်၊ဘားအံမြို့ရှိ ရပ်ကွက်အတွင်း ကိုဗစ်-၁၉ရောဂါ စတင်ဖြစ်ပွားခဲ့ သည့် ကာလမှစတင်ကာ တစ်ပိုင်တစ်နိုင်ငါးခူများမွေးမြူခြင်းနှင့် တိုင်းရင်းကြက်များ၊ ဘဲ၊ ကြက်ဆင် များမွေးမြူခြင်းများကို မွေးမြူဆောင်ရွက်ခဲ့ရာမှ အောင်မြင်အဆင်ပြေလျှက်ရှိပြီး ဆက်လက် တိုးချဲ့မွေးမြူကာ ဒေသအတွင်း ဈေးကွက်သွင်း ဆောင်ရွက်ရနရှိကြောင်း သိရသည်။