အမြို့မြို့အနယ်နယ်သတင်းများ

May 10,2021
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ယာယီ အုပ်ချုပ်ရေးမှူးများနှင့် စာရေး ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရေး သင်တန်းဖွင့်ပွဲကို ယနေ့နံနက်၈နာရီက မုဒုံမြို့နယ် ရွှေဟင်္သာ ခန်းမ၌ ဖွင့်လှစ်ကြောင်း သိရသည်။
May 10,2021
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ယာယီ အုပ်ချုပ် ရေးမှူးများနှင့် စာရေး ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များကို ဥပဒေ/နည်းဥပဒေများနှင့်အညီ စနစ် တကျ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း ဖွင့်ပွဲ အခမ်း အနားကို ယမန်နံနက် ၈ နာရီခွဲအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဋ္ဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။
May 10,2021
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ ရပ်ကွက်/ ကျေးရွာအုပ်စု ယာယီအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက မော်လမြိုင်မြို့ စုပေါင်းရုံးခြောက်ထပ်အစည်းအဝေးခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း တက်ရောက်အမှာစကား ပြောကြားသည်။
May 10,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာရှိ ဒေသခံပြည်သူများ မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက် လုပ်ကိုင်နိုင်ရန်နှင့် ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြစိမ်းရောင်(ငါးကဏ္ဍ) စီမံကိန်းလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် စီမံကိန်းရန်ပုံငွေမှ အတိုးရငွေဖြင့် ကျေးလက် နေပြည်သူများ လျှပ်စစ်မီးသုံးစွဲနိုင်ရေးအတွက် ကျေးရွာလျှပ်စစ်မီးလင်းရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ငါးလုပ်ငန်း ဦးစီးဌာန မှ ဦးစီးအရာရှိ ဦးသိန်းကိုကိုထွန်းထံမှ သိရသည်။
May 10,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနမှ ယခု ၂၀၂၀ - ၂၀၂၁ ခုနှစ် ၊ မိုးရာသီတွင် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေး ၊ သဘာဝတောများ ကောင်းမွန်စေရေးနှင့် သစ်တောပြုန်းတီးမှုကြောင့် ကြုံတွေ့ရသည့် သဘာဝဘေး အန္တရာယ်နှင့် ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရေးအတွက် စိုက်ပျိုးရန် ပျိုးပင်ပေါင်း တစ်သိန်းကျော် ပျိုးထောင်ထားရှိကြောင်း သိရသည်။
May 10,2021
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ၂၀၂၀ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်(၁) အခြေခံ ပညာ အထက်တန်းကျောင်းနှင့် အမှတ်(၃)အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်း အလိုက် ရမှတ်အများဆုံး ရရှိသူများအား ဆရာကြီး ဦးခင်မောင်သန်း ပညာရည်ချွန်ဆုပေးပွဲကို ယနေ့ နံနက်(၈)နာရီက မြောက်မင်းတည်း ရပ်ကွက်အုတ်ဖိုကျောင်းလမ်း ဆရာကြီး ဦးခင်မောင်သန်း၏ နေအိမ်တွင် ကျင်းပခဲ့သည်။
May 10,2021
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်ကွက်/ ကျေးရွာ ယာယီ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ လုပ်ငန်း စွမ်းဆောင်ရည်မြင့်မားရေးသင်တန်းကို ယနေ့ နံနက် ၈ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ကျင်းပကြောင်း သိရသည်။
May 10,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဦးဆောင် ကြီးကြပ် မှုဖြင့် နွေစပါး စိုက်ခင်းများအတွင်း ဘက်စုံသီးနှံကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျောက်တံခါးကျေးရွာ တွင် ဆောင်ရွက်ခဲ့သည်။