Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရေး ဆွေးနွေးညှိနှိုင်း
May 10,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်မြို့နယ်တွင် ကျေးရွာခေါင်းဆောင်မှုနှင့် အစိမ်းရောင်ကျေးလက်ဒေသဖွံဖြိုးရေးသင်တန်းဖွင့်လှစ်
May 10,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီး ဌာနက ကျင်းပပြုလုပ်သည့် ကျေးရွာခေါင်းဆောင်မှုနှင့် အစိမ်းရောင်ကျေးလက်ဒေသ ဖွံဖြိုးရေးသင်တန်းကို ယမန်နေ့ နံနက် ၉နာရီက လေးအိမ်စုကျေးရွာအုပ်စု ကုက္ကိုစုကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ
May 10,2021
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူပေါင်းကာ ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က စတင်ကာ မြို့နယ် အားကစား ခန်းမ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန် (ပန်းဆိုးတန်း-ဒလ) သင်္ဘောဆိပ်ကမ်း၌ သက်ကြီးရွယ်အိုများသွားလာရေး အဆင်ပြေစေရေးအတွက် ဝှီးချဲများ အခမဲ့ အသုံးပြုနိုင်
May 10,2021
ရန်ကုန်(ပန်းဆိုးတန်း-ဒလ) သင်္ဘောဆိပ်ကမ်း၌ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များနှင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ရဟန်း၊ သံဃာတော်များ၊ သီလရှင်များနှင့် အနယ်နယ်အရပ်ရပ်က ခရီးသွား မိဘပြည်သူများ ကူးသန်းသွားလာလျက်ရှိပြီး ခရီးသည်များ သွားလာရေးအဆင်ပြေချောမွေ့စေရေး ချယ်ရီရေယာဉ်များဖြင့် ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး(မြစ်ဝကျွန်းပေါ်ဌာနခွဲ)မှ နေ့စဉ်ကူးတို့ ပို့ဆောင်ပြေးဆွဲပေးလျက်ရှိသည်။ အဆိုပါ သင်္ဘော ဆိပ်ကမ်း၌ ကျန်းမာရေးမကောင်းမွန်သော သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများ သွားလာရေး အဆင်ပြေစေရေး အတွက် ဝှီးချဲများကို စီစဉ်ဆောင်ရွက်ထားရှိရာ မည်သူမဆို အခမဲ့အသုံးပြုနိုင်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၊ ကြက်ခြေနီအသင်းမှ နေ့စဉ် ကျန်းမာရေး စောင့်ရှောက်မှုပေး
May 10,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ကျန်းမာရေးကောင်းမွန်စွာ နေထိုင်နိုင်ရန် ရည်ရွယ်၍ ကြက်ခြေနီအသင်း(အင်းစိန်)မှ တာဝန်ရှိသူများက (၂၄)နာရီ လူနာ တင်ယာဉ်ကား(၂)စီးဖြင့် နေ့စဉ် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် နှာခေါင်းစည်း (Mask) ကမ်ပိန်းပြုလုပ်
May 10,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့ပြည်သူ့ဆေးရုံဟောင်းရှေ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမ ကြီးပေါ်တွင် မေလ ၈ ရက်နေ့ နံနက် ၇ နာရီအချိန်၌ ခရိုင်/မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် နှာခေါင်းစည်း(Mask )ကမ်ပိန်းပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်ဒုံမြို့တွင် အသက် ၁၈ နှစ်အထက် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
May 10,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင် မေလ ၁၀ ရက်၊ နံနက် ၉ နာရီက ကျိုက်ဒုံမြို့ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ အသက် ၁၈ နှစ်အထက် ဒုတိယအကြီမ် (Covid-19) ရောဂါကာကွယ်ဆေးထိုးနှံပေးမှုများ ဆောင်ရွက်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်မရောမြို့နယ်၌ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ်
May 10,2021
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25228
Page
25229
Page
25230
Page
25231
Current page
25232
Page
25233
Page
25234
Page
25235
Page
25236
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department