အမြို့မြို့အနယ်နယ်သတင်းများ

May 10,2021
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုရန် ရောက်ရှိ နေသော တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်၊ အဖွဲ့ဝင်များဖြစ်သည့် ဦးစိုင်းမြင့်အေး၊ ရဲမှူးကြီးလှိုင်တင့်နှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ အဖွဲ့သည် မေလ ၇ ရက်နေ့ နံနက် ၈ နာရီအချိန်က ပခုက္ကူမြို့နယ်၊ ချောက်ကန်ကျေးရွာတွင် Sunny Global Manu facture Co,.Ltd မှ ဆောင်ရွက်လျက်ရှိသည့် အသေးစား ရေနံချက စက်ရုံတည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိပြီး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှု စစ်ဆေးကာ ရေနံချက်စက်ရုံ အမြန်ဆုံး လည်ပတ်နိုင်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
May 10,2021

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မန်းရွှေ စက်တော်ရာ ဘုရား မုဆိုးတောင်စေတီတော် ရွှေထီးတော်တင်လှူပူဇော်ခြင်း၊ ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်းနှင့် အထက်စက်တော်ရာရွှေတန်ဆောင်းတော်ကြီး ဘက်စုံပြုပြင်ပါကေးခင်းခြင်း ရေစက်ချ အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၈နာရီခွဲအချိန်က မန်းရွှေစက်တော်ရာဘုရား အထက်စက် တော်ရာ ဘုရားရင်ပြင်၌ ကျင်းပပြုလုပ်သည်။

May 10,2021
နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ စက်မှုလက်မှုပညာသင်တန်း ကျောင်း(လပွတ္တာ)၌ လျှပ်စစ်သင်တန်း အမှတ်စဉ်(၁၁)၊ ဂဟေသင်တန်း အမှတ်စဉ်(၁၁)၊ မော်တော်ယာဉ်စက်ပြင်သင်တန်း အမှတ်စဉ်(၆)၊ လက်ကိုင်ဖုန်းပြင်သင်တန်းအမှတ်စဉ်(၈)ဖွင့်ပွဲကို စက်မှုလက်မှုပညာသင်တန်းကျောင်းခန်းမ လပွတ္တာ(၃)မိုင်မြို့သစ်၌ ယနေ့နံနက် ၉ နာရီ အချိန်က ကျင်းပပြုလုပ်သည်။
May 10,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ဘော်ဘင်ဆည်မှ ရရှိသော ရေဖြင့် ၂၀၂၁ ခုနှစ် နွေစပါးစိုက်ပျိုးခြင်း ၁၁၇၅ ဧကအား ဧပြီလပထမပတ်က စိုက်ပျိုးပြီးစီးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ သိရသည်။
May 10,2021

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းမှသောက် သုံးရေရှားပါ သည့် ကျေးရွာ များသို့ ဌာနဆိုင်ရာများနှင့်အသင်းအဖွဲ့များက သောက်သုံးရေများ သွားရောက်လှူဒါန်းပေး လျက်ရှိရာ မာန်အောင် ကျေးရွာအုပ်စုမှ

May 10,2021

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ သံတွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သံတွဲမြို့နယ်အတွင်း အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းကသံတွဲခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

May 10,2021

နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ ဖွင့်လှစ်သည့် လျှပ်စစ်၊ ဂဟေ၊ မော်တော်ယာဉ်စက်ပြင်နှင့် လက်ကိုင်ဖုန်းပြင်သင်တန်း အမှတ်စဉ်( ၁၂/၂၀၂၁)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

May 10,2021
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင် ဦးမျိုးဆွေ၊ ဦးတိန့်ဆောင်၊ တာဝန်ရှိသူများနှင့်အတူ ဗန်းမော်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် ဗန်းမော်မြို့သို့ ယမန်နေ့မွန်းလွဲပိုင်းက လေကြောင်းခရီးဖြင့် သွားရောက်ခဲ့ပြီး မိုးမောက်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ နေရပ်စွန့်ခွာ ပြည်သူများနှင့်တွေ့ဆုံအားပေးပြီး ထောက်ပံ့ပေးအပ်မှုများ ပြုလုပ်ကြသည်။