အမြို့မြို့အနယ်နယ်သတင်းများ

Jan 28,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ကာကွယ်ဆေး (COVISHIELD) ထိုးနှံခြင်းလုပ်ငန်းများကို ယမန်နေ့ညနေ(၃)နာရီက မြို့နယ် ပြည်သူ့ ဆေးရုံတွင် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Jan 28,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးကို ကန့်ဘလူမြို့ ခုတင် ၁၀၀ ပြည်သူ့ဆေးရုံ စုရပ်တွင် မြို့နယ်အတွင်းရှိ ကုသရေးဝန်ထမ်း ၁၈၄ ဦး၊ ပြည်သူ့ကျန်းမာဝန်ထမ်း ၁၅ဦး၊ တိုင်းရင်းဆေးဝန်ထမ်း ၁၃ဦးနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနဝန်ထမ်း ၇ ဦးတို့ကို ဇန်နဝါရီ ၂၇ ရက်မွန်းလွဲ ၂ နာရီက စတင်ထိုးနှံ ပေးလျက်ရှိကြောင်းသိရသည်။
Jan 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုက‌လေးမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံနိုင်ရေးအတွက် ဘိုကလေးမြို့နယ် အိန္ဒိယနိုင်ငံမှ လှူဒါန်းခဲ့သော ဆေးအလုံးရေ(၃၈)လုံးအား မြို့နယ်ကုတင် (၁၀၀) ပြည်သူ့ဆေးရုံကြီးတွင် မြို့နယ်အတွင်းရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများကို ယနေ့နံနက်(၁၀)နာရီ၌ စတင် ထိုးနှံပေးလျက်ရှိသည်။
Jan 28,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယမန်နေ့က မြို့နယ် ပြည်သူ့ဆေးရုံတွင် ကျန်းမာရေး ဝန်ထမ်းများအား ပထမအကြိမ် စတင်ထိုးနှံပေးကြောင်း သိရသည်။
Jan 28,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ပေါ်ရပ်ကွက်များ နွေရာသီရေရှား ပါမှု မဖြစ်စေရေးနှင့် မြို့ပေါ်ရေကန်များအတွင်း ဆည်ရေရောက်ရှိစေရေးတို့အတွက် ရေသွယ် မြောင်းများ ဖောက်လုပ်နေမှုအား တာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။
Jan 28,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၌ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီခွဲအချိန် က ခရိုင်ပြည်သူ့ဆေးရုံကြီးရှိ ဇီဝကခန်းမဆောင်တွင် ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။