Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
စစ်ကိုင်းတိုင်းဒေသကြီး ပန်ဆောင်မြို့၌ စည်ပင်သာယာရေးရန်ပုံငွေဖြင့် ရေနှုတ်မြောင်းတူးဖော် ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်
Aug 07,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့ အထက်ရပ်ကွက်၊ လီဒိုလမ်းမပါ် ဈေးတန်းတစ်လျောက်အတွင်း မိုးရာသီကာလတွင် ရေစီးရေလာ ကောင်းမွန်ရေးအတွက် ရေနှုတ်မြောင်းများ တူဖော်ပြုပြင်ခြင်းလုပ်ငန်းကို ယနေ့နံနက် ပိုင်းမှစ၍ ပန်ဆောင်မြို့ အထက်ရပ်ကွက်တွင် ပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၌ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများ ပထမအကြိမ် ကြေညာထားပြီး မဲရုံပေါင်း(၁၈၈)ရုံနှင့် မဲဆန္ဒရှင် (၂၂၂၉၉၂)ဦးရှိ
Aug 07,2020
ရန်ကုန်တိုင်ဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် နိုင်ငံသူ၊နိုင်ငံသားတိုင်း မဲပေးခွင့် မဆုံးရှုံး စေရေးအတွက် ဇူလိုင်လ(၂၅)ရက်နေ့မှ စတင်၍ ဩဂုတ်လ(၇)ရက်နေ့အထိ (၁၄)ရက်ကြာ
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်များလဲပြို
Aug 07,2020
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ယမန်နေ့ ညနေပိုင်းအချိန်က သစ်ပင်များ လမ်းမီးတိုင်များအပေါ်သို့ လဲပြိုကာ လူသွားလမ်းများ ပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန မှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့နယ်တွင် အရိပ်ရသစ်ပင်မျိုးစုံ ပျိုးပင်ပေါက်ရောင်းချသူများ ပျိုးပင်ပေါက် ကုန်သည်အထိရောင်းချနေရ
Aug 07,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ အင်ချောင်းကျေးရွာ၊ ဆည်ပေါက်စံပြကျေးရွာ၊ ညောင်ကန်ကျေးရွာ၊ ပုပ္ပားကျေးရွာတို့သည် အရိပ်ရသစ်ပင်၊ စားပင်သီးပင်နှင့် ပန်းအလှပင်အမျိုးမျိုး ပျိုးထောင်စိုက်ပျိုးရောင်းချသည့်ကျေးရွာများဖြစ်ကြကာ ယခုနှစ်မိုးရာသီတွင် အနယ်နယ်အရပ်ရပ်မှ ပျိုးပင်ပေါက်လာရောက်ဝယ်ယူမှု များပြားလာခဲ့ပြီး ပျိုးထောင်ရောင်းချသည့် အိမ်တိုင်းရောင်းချရခြင်းကြောင့် အရိပ်ရသစ်ပင်မျိုးကုန်သည်အထိ ရောင်းချခဲ့ရကြောင်း ဆည်ပေါက်စံပြကျေးရွာ ပျိုးပင်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သည့် ဒေါ်သက်နှင်းဖြိုးထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဥက္ကလာပမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက်လုပ်ငန်းများဆောင်ရွက်
Aug 07,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ အသက် (၂)နှစ်အောက် ကလေးငယ် များအား ကာကွယ်ဆေးထိုး/ ဆေးတိုက်ခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ယနေ့ နံနက်(၈) နာရီက စတင်၍ (ဋ)ရပ်ကွက်၊ (ဇ)ရပ်ကွက်တို့တွင် ပုံမှန်ကာကွယ်ဆေးများ၊ ထိုးနှံ/တိုက်ကျွေး ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သား၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာများသို့ရန်ပုံငွေများထုတ်ချေး
Aug 07,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် နိုင်ငံတော်ကချမှတ်ထားသော ကိုဗစ်−၁၉ ကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ် Covid-19 Economic Relief Plan(CERP) ကျေးလက်ဒေသနေပြည်သူများ၏ မိသားစုဝင်များ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေများကို ယမန်နေ့ နေ့လယ်ပိုင်းက စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ (၃) ရွာသို့ ရန်ပုံငွေများထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဂျပန်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ(၉၀)ဦးအား Quarantine(၂၁)ရက် စောင့်ကြည့်ခံယူရန် ဓမ္မမာမက သာသနာ့ရိပ်သာ ကျောင်းတိုက် သို့ ပို့ဆောင်
Aug 07,2020
ဂျပန်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ(၉၀)ဦးအား Quarantine(၂၁)ရက် အနီးကပ်စောင့်ကြည့်မှု ခံယူရန် သြဂုတ်(၆)ရက် ည(၁၁)နာရီခွဲအချိန်ခန့်က ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ဓမ္မမာမက သာသနာ့ရိပ်သာကျောင်းတိုက်သို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌(CERP)အစီအစဉ်အရ လေးထောင့်ကန်ကျေးရွာတွင် ဝက်မွေးမြူ ထုတ်လုပ်ရေး သင်တန်း ဖွင့်လှစ်
Aug 07,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကိုဗစ်−၁၉ ရောဂါကြောင့် စီးပွားရေး ထိခိုက်မှု သက်သာစေရေး စီမံချက်ဖြင့် မွေးမြူထုတ်လုပ်မှုနှင့် အလုပ် အကိုင်အခွင့်အလမ်းများ ပြန်လည် ဖော်ဆောင်ခြင်းဆိုင်ရာ ပညာပေးသင်တန်းများဖြစ်သည့် ဝက်မွေးမြူထုတ်လုပ်ရေးသင်တန်းကို ယနေ့ နံနက်(၉)နာရီ အချိန်က လေးထောင့်ကန်ကျေးရွာတွင် ဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25308
Page
25309
Page
25310
Page
25311
Current page
25312
Page
25313
Page
25314
Page
25315
Page
25316
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department