အမြို့မြို့အနယ်နယ်သတင်းများ

Jan 28,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် ပဲခူးရပ်ကွက် အနော်ရထာလမ်းရှိ မြို့တွင်းဘုန်း တော်ကြီးကျောင်း၌ ယမန်နေ့ နေ့လယ် ၁၁ နာရီ ၃၀ မိနစ်အချိန်က ကရင်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(Karen Development Net Work)(KDN) နှင့် ယိုတာနီတာ (The Johanniter International Assistance) အဖွဲ့ အစည်းတို့ ပူးပေါင်း၍ ကျောက်ကြီးမြို့နယ်နှင့် ရွှေကျင်မြို့နယ်အတွင်းရှိ မြေမြှုပ်မိုင်းဒဏ်ခံရသည့် ဒေသခံ ပြည်သူ အချို့အား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း စားသောက်ရေးအဆင်ပြေ စေရန် ရည်ရွယ်ပြီး စားရိက္ခာများ ထောက်ပံ့ပေးခဲ့သည်။
Jan 28,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီက အင်းတော်မြို့နယ် ပြည်သူ့ဆေးရုံတွင် ကျန်းမားရေးဝန်ထမ်းများအား စတင်ထိုးနှံပေး ကြောင်း သိရသည်။
Jan 28,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စုများအတွက် နိုင်ငံတော်ထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာအုပ်စုရှိ ပြည်သူများအား တာဝန်ရှိသူများက အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပန်စိမ်း(ကာဟ) ကျေးရွာအုပ်စုရှိ ကျေးရွာများသို့ နိုင်ငံတော်မှထောက်ပံ့ငွေများ ကျေးရွာရှိအိမ်တိုင်ရာရောက်ကွင်းဆင်း သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
Jan 28,2021
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ညနေပိုင်း က ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ်များ ရွေးချယ်ခန့်အပ်နိုင်ရေးအတွက် မြို့နယ်အဆင့် ကြီးကြပ်ရေးအဖွဲ့၀င်များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအ‌ဝေးကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 28,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံး တွင် မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
Jan 28,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေးခြင်းကို ယနေ့နံနက် (၈) နာရီခွဲအချိန်မှ စတင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ထိုးနှံပေးလျက်ရှိသည်။
Jan 28,2021
တိုက်ပွဲရှောင်စခန်းများရှိ အမျိုးသမီးများ အသက်မွေးဝမ်းကျောင်း အထောက်အကူရရှိကာ ပုံမှန်ဝင်‌ငွေ ရရှိစေရန် ရည်ရွယ်၍ Deutsche Zusammenarbeit ၏ ပံ့ပိုးကူညီမှုဖြင့် မိတ်ဆွေမြန်မာမှ ညအိပ်ဝတ်စုံနှင့် ခေါင်းအုံးစွပ်ချုပ်သင်တန်း ဖွင့်လှစ်ပို့ချဆောင်ရွက်ခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကြူဆော့ (IDP)စခန်း ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
Jan 28,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနမှ ဖွင့်လှစ်ပို့ချသော မွေးမြူရေးဆိုင်ရာအသိပညာပေးသင်တန်းကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။