အမြို့မြို့အနယ်နယ်သတင်းများ

Jan 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနက CERP ACTION PLAN အရ ထောက်ပံခဲ့သည့် ငါးသားပေါက်များရှင်သန်ကြီးထွားမှု ကွင်းဆင်းစစ်ဆေးခြင်းနှင့် ငါးမျိုးများ မွေးမြူခြင်းဆိုင်ရာ တားမြစ်ချက်များ ဆွေး‌နွေးဟောပြောခြင်းကို ဇန်နဝါရီ ၂၄ ရက်က ကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 26,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ ချင်းရွှေဟော်မြို့တွင် အသွားအလာ ကန့်သတ် စောင့်ကြည့်၍ သီးခြားထားရှိပြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ခံဆရာဝန် ဒေါက်တာသီဟနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ စစ်ဆေးပေးလျက်ရှိရာ ယမန်နေ့၊ မွန်းတည့်(၁၂)နာရီအချိန်က Rapid Test Kit စနစ်ဖြင့် ချင်းရွှေဟော်မြို့၊ ပြည်သူ့ဆေးရုံ၌ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 26,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် ကျေးလက်ဒေသ စုပေါင်း အမှိုက်သိမ်းဆည်းစနစ် တည်ထောင်ခြင်းလုပ်ငန်း အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနားကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းတို့မှ ယမန်နေ့ နံနက် ၉ နာရီခန့်က မိုင်းနင်ကျေးရွာအုပ်စု၊ နောင်ယုံးကျေးရွာ၌ သွားရောက် စိုက်ထူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 26,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းမဖြစ် မနေတပ်ဆင်ရေး လှုပ်ရှားမှုအဖြစ် ယနေ့ နံနက်၈ နာရီ အချိန်မှ စတင်၍ ဟိုပုံးမြို့မဆည်သွားလမ်းနှင့် မြို့မဈေးလမ်းဆုံတွင် Mask Campaignကို နေ့စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိသည်။
Jan 26,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ ရပ်ကွက်(၁)တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား များအား နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေးပင်စင်များကို ယနေ့ နံနက်(၁၀)နာရီ အချိန်ခန့်က အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
Jan 26,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ မိုင်းဟန်ကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုဝင်များအတွက် နိုင်ငံတော်မှ အိမ်ထောင်စုတစ်စု လျှင် ငွေကျပ်နှစ်သောင်း ထောက်ပံ့ပေးအပ်ရာတွင် မရရှိသေးသည့် ထပ်တိုးအိမ်ထောင်စုဝင်များအား မိုင်းဟန်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့ ညနေ ၄ နာရီက ပေးအပ်ခဲ့ကြောင်းသိရသည်။
Jan 26,2021
​ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တင်မြှောက် နိုင်ရေးအတွက် ယမန်နေ့ နံနက် ၁၀ နာရီက ကျိုင်းတောင်းမြို့ မြို့ပေါ်ရပ်ကွက်ရှိ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၆)ရပ်ကွက်တို့၌ ကြီးကြပ်ရေးအဖွဲ့ ၅ ဦးစီ ရွေးချယ်ဖွဲ့စည်းခဲ့သည်။