Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပန်းတောင်းမြို့နယ် ကြက်ခြေနီ အသင်းခွဲရုံးသစ် ဖွင့်ပွဲအခမ်းအနားကျင်းပ
Jan 25,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကြက်ခြေနီအသင်းခွဲ ဗုဒ္ဓဘိသေက အနေကဇာတင် ပူဇော်ခြင်း၊ ကြက်ခြေနီ အသင်းခွဲရုံးသစ် ဖွင့်ပွဲအခမ်းအနား ပြုလုပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်အတွင်း ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်၊ မိုးရာသီတွင် ဆောင်ရွက်မည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အရိပ်ရပျိုးပင်များ စိုက်ပျိုးရန် ကြိုတင် ဆောင်ရွက်ထားရှိ…
Jan 25,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနမှ ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် ၊ မိုးရာသီတွင် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေးလုပ်ငန်းများနှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးအတွက် အရိပ်ရပျိုးပင်များ အကောင်အထည်ဖော် စိုက်ပျိုး ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယမန်နေ့ နံနက်ပိုင်းက မင်းဘူးခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မျိုးဝင်း နှင့် တာဝန်ရှိသူ များက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘုတလင်မြို့နယ် ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းမိသားစုက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအတွက် အလှူငွေ ကျပ်သိန်း ၃၀ ပေးအပ်လှူဒါန်း
Jan 25,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ စုပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအတွက် အလှူငွေ ကျပ်သိန်း ၃၀ ကို ယနေ့ မနက်ပိုင်းက ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ် နယ်မြေမီးသတ်စခန်း ပန္နက်တင်ပွဲ အခမ်းအနား ကျင်းပပြုလုပ်
Jan 25,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မယားမာန်နယ်မြေမီးသတ်စခန်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ခွင့်ပြုမိန့် ရရှိထားပြီး ဆောက်လုပ်မည့် အဆောက်အဦးအား ပန္နက်တင်ပွဲ အခမ်းအနားကို နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က ဆောက်လုပ်မည့် အဆောက်အဦး မြေနေရာတွင် ပန္နက်တင်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်တွင် ဝဥစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းဖွဲ့စည်း
Jan 25,2021
ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲမြို့နယ်တွင် ကရင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်ကျင်းပသော ဝဥစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းဖွဲ့စည်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာမြို့တွင် မူလမြေပိုင်ရှင် (၈) ဦးအား မြေယာပိုင်ဆိုင်မှု စာရွက်စာတမ်းများ ပြန်လည်ပေးအပ်
Jan 25,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီရုံး မြသလ္လာအစည်းအဝေးခန်းမတွင် မုံရွာတောင်ရပ်ကွက်ရှိ ရွှေနဂါးမင်းကုမ္ပဏီမှ ပြန်လည်စွန့်လွှတ်ခဲ့သည့် မြေများအား မူလပိုင်ရှင် များထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ပွဲကို ယနေ့ နံနက်(၁၀)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒီးမော့ဆိုမြို့နယ်တွင် မီးကြွင်းမီးကျန်မှ တစ်ဆင့် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
Jan 25,2021
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ် နောင်ပုလဲကျေးရွာအုပ်စု (၄)မိုင်က ဖုကျေးရွာတွင် ယနေ့ နံနက် ၁ နာရီခန့်က မီးဖိုချောင် မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ရာ ဒီးမော့ဆိုမြို့နယ် မီးသတ် စခန်းမှ မီးသတ်ဦးစီးမှူး ဦးကြည်စိုးဟန် ဦးဆောင်သော တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် ၃ စီးဖြင့် သွားရောက် မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တန်းမြို့ မြို့မဈေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြခြင်းဆောင်ရွက်
Jan 25,2021
ပွင့်လင်းရာသီ ရောက်ရှိလာသည့်အတွက် မီးဘေးအန္တရာယ် မကျရောက်စေရန်နှင့် ကြိုတင် ကာကွယ်နိုင်စေရန် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့ မြို့မဈေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြခြင်းကို ယမန်နေ့ ညနေ ၄ နာရီက ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25368
Page
25369
Page
25370
Page
25371
Current page
25372
Page
25373
Page
25374
Page
25375
Page
25376
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department