အမြို့မြို့အနယ်နယ်သတင်းများ

Jan 25,2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျောက်ဆည်ခရိုင် တံတားဦးမြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း Quarantine Centre ၌ ထားရှိသော ပြည်တွင်းမှ ပြန်လာသူများ၊ ထိစပ်လူနာများ၊ အနံ့ပျောက်သူများ၊ မြို့နယ် ကိုဗစ်-၁၉ Centre ကူညီထောက်ပံ့ရေးအဖွဲ့အတွက် လိုအပ်သောနေရာများတွင် အသုံးပြုနိုင်ရန် အလှူငွေများကို ယနေ့နံနက်(၈)နာရီက လာရောက် လှူဒါန်းကြကြောင်းသိရသည် ။
Jan 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ သဒ္ဓမ္မပါလ ဇောတိကာရုံ ကျောင်းတိုက်မှ တည်ထောင် ဖွင့်လှစ်ထားသည့် သဒ္ဓမ္မပါလ အဖြူရောင်နှလုံးသား ပရဟိတအဖွဲ့သည် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်နေသည့် ကာလအတွင်း ဘိုကလေးမြို့နယ်၌ အသွားအလာ ကန့်သတ်ထားရှိခံရသူများအား အစာအာဟာရအတွက် နေ့စဉ်ဒါနပြုလှူဒါန်း လျက်ရှိသည်။
Jan 25,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့်World Vision Myanmar အဖွဲ့တို့ ပူးပေါင်း၍ ကျေးလက်နေပြည်သူများ မွေးမြူရေးလုပ်ငန်းများကို တစ်ပိုင်တစ်နိုင် မွေးမြူနိုင်ရန် ရည်ရွယ်၍ အခြေခံမွေးမြူရေးသင်တန်းကို ယနေ့နံနက်(၁၀)နာရီအချိန်က World Vision Myanmar ရုံး၌ ဆောင်ရွက်ခဲ့သည်။
Jan 25,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရရှိပါက ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် လူဦးရေစာရင်းကောက်ယူနိုင်ရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 25,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ ချပြရှင်းလင်းဆွေးနွေးခြင်းကို ယမန့်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 25,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ အမှတ်(၃)ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရေး ကြီးကြပ်ရေးအဖွဲ့ဖွဲ့စည်းခြင်းအား ယနေ့နံနက်(၉)နာရီ ခွဲအချိန်ခန့်က နမ့်ပန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 25,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် ဟိုမိန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် နေသည့်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ စားဝတ်နေရေး အခက်အခဲမဖြစ်ပေါ်စေရန်အတွက် နိုင်ငံတော်မှ ပေးအပ်သည့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့က မြို့ပေါ်သုံးရပ်ကွက်နှင့် ကျေးရွာအုပ်စု သုံးအုပ်စုအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများထံသို့ တာဝန်ရှိသူများက လက်ဝယ်အရောက် ထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။