Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျောင်းကုန်းမြို့တွင် ပြည်သူများ နှာခေါင်းစည်းတပ်ဆင်ရေး လှုပ်ရှားမှုပြုလုပ်
Jan 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များက ပြည်သူများ အပြင်ထွက်လျှင် နှာခေါင်းစည်း တပ်ဆင်ကြစေရန် ရည်ရွယ်၍ ယနေ့နံနက် ၈ နာရီအချိန် အမှတ်(၂)ရပ်ကွက် ဆေးရုံလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းဆုံ၊ ရတနာပုံ လမ်းတို့တွင် လမ်းသွားလမ်းလာ ပြည်သူ များအား နှာခေါင်းစည်းများ ဖြန့်ဝေပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jan 25,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် ကြိုတင် ကာကွယ်နိုင်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ လူစည်ကားရာ နေရာများသို့ သွားရောက်ကာ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း၊ ကြက်ခြေနီအသင်းခွဲနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပြီး အသိပညာပေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမည့်အစီအစဉ်အရ လူဦးရေစာရင်း ကောက်ယူနိုင်ရေး ကြိုတင်ညှိနှိုင်းဆွေးနွေး
Jan 25,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမည့် အစီအစဉ်အရ အသက်(၁၈)နှစ်အထက် ဦးစားပေးအုပ်စုအလိုက် လူဦးရေစာရင်း ကောက်ယူနိုင် ရေး ကြိုတင်ညှိနှိုင်း ဆွေးနွေးခြင်းကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တစ်နိုင်တစ်ပိုင် စပျစ်စိုက်ပျိုးခြင်းဖြင့် မိသားစုပုံမှန်ဝင်ငွေရရှိ
Jan 25,2021
စားသုံးသူဈေးကွက်တွင် လူကြိုက်များလာသည့် စပျစ်စိုက်ပျိုးသည့် လုပ်ငန်းကို နေရာဒေသမရွေး တစ်နိုင် တစ်ပိုင်စိုက်ပျိုးလာကြကြောင်း သိရသည် ။ နတ်မောက်မြို့တွင်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာ အချို့၌ တစ်နိုင်တစ်ပိုင်စပျစ်များ စိုက်ပျိုးလာကြပြီး ရရှိသည့်စပျစ်သီးများကို မြို့မဈေးသို့ တင်ပို့ရောင်းချကြ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖားဆောင်းမြို့နယ်တွင် ခွေးရူးရောဂါ ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေး
Jan 25,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ခွေးရူးရောဂါ ကာကွယ်ဆေးထိုးခြင်းဖြင့် ပြည်သူများအတွက် အန္တရာယ်ကင်းရှင်းစေရန်နှင့် ခွေးရူးရောဂါ ကင်းစင်ပပျောက်ရေး ရည်မှန်းချက်နှင့် အညီ တိရစ္ဆာန်မှတစ်ဆင့် လူကိုကူးစက်သော ရောဂါမဖြစ်ပွားစေရေးအတွက် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခွေးရူးရောဂါကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီ အချိန်မှ ညနေ(၄)နာရီအချိန်ထိ အဆိုပါဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ် တမလန်းပင်ကျေးရွာအုပ်စု၊ အင်တောရွာသစ်ကျေးရွာသို့ သောက်သုံးရေများ သွားရောက်လှူဒါန်း
Jan 25,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် တမလန်းပင်ကျေးရွာအုပ်စု၊ အင်တောရွာသစ်ကျေးရွာသို့ ယမန်နေ့နံနက် (၁၀)နာရီအချိန်ခန့်က သောက်သုံး ရေများသွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခရမ်းမြို့နယ်ရှိ ကျေးရွာဆက်သွယ်ရေးနှင့် ကုန်ထုတ်မြေသားလမ်း ဂဝံခင်းကျင်းနေမှုအား ကွင်းဆင်းစစ်ဆေး
Jan 25,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ ကျေးရွာဆက်သွယ်ရေးနှင့် ကုန်ထုတ်လမ်းအား ဂဝံ ခင်းကျင်းနေမှုများ ကို ယမန်နေ့ နေ့လယ် ၂ နာရီက ခရမ်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဌာန တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်ရေး DMO အဖွဲ့နှင့် တွေ့ဆုံညှိနှိုင်း
Jan 25,2021
ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (အတွင်းရေးမှူး) ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ရှမ်းပြည်နယ်တာဝန်ခံ ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်(၉)နာရီအချိန်က နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ နောင်ချိုမြို့ ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့ (DMO)နှင့် တွေ့ဆုံကာ ခရီးသွားလုပ်ငန်းဖော်ဆောင်နိုင်ရေး ခရီးစဉ်သစ်များနှင့်ပက်သက်၍ တွေ့ဆုံညှိနှိုင်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25369
Page
25370
Page
25371
Page
25372
Current page
25373
Page
25374
Page
25375
Page
25376
Page
25377
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department