Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဟင်္သာတမြို့နယ် ဒူးယါးမြို့၌ ကိုဗစ်-၁၉ ကျန်းမာရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လှုပ်ရှားမှု (Mask Campaign) ပြုလုပ်
Jan 25,2021
ဧရာ၀တီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ဒူးယါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး အပတ်စဉ် တနင်္ဂနွေနေ့ တိုင်း ပြုလုပ်နေကျဖြစ်သည့် ကျန်းမာရေး အသိပညာ ပေးခြင်းနှင့်အတူ နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေးလှုပ်ရှားမှု (Mask Campaign) ကို ယမန်နေ့က လူစည်ကား များပြား သွား/လာကြသည့် လမ်းမကြီးနှင့် စျေးများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ် ခရီးစဉ်ဒေသသစ် ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ မယ်ဟုန်ဘန်ဘုံ ဒုဋ္ဌဝတီမြစ်ကြောင်းသို့ ကွင်းဆင်းကြည့်ရှု
Jan 25,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ခရီးစဉ်သစ်များ ဖော်ဆောင်လျက်ရှိရာ ဇန်နဝါရီလ (၂၃)ရက်နေ့က နောင်ချို မြို့နယ်အတွင်းရှိ မယ်ဟုန်ဘန်ဘုံမှ ဒုဋ္ဌဝတီမြစ်ကြောင်းသို့ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ် လွိုင်ချိုကျေးရွာနှင့် ဟွေဟေးကျေးရွာတို့တွင် (NEP) စီမံကိန်းနှင့် ဆောင်ရွက်သော လျှပ်စစ်မီးစတင်ရရှိ
Jan 25,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း (NEP) နှင့် ဆောင်ရွက်လျက်ရှိသော လွိုင်ချိုကျေးရွာနှင့် ဟွေဟေးကျေးရွာတို့တွင် ယမန်နေ့ ညနေပိုင်းမှ စတင်၍ ကျေးရွာ လျှပ်စစ်မီး ရရှိနေပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လုံမြို့ ရပ်ကွက်(၄)တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့
Jan 25,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ ရပ်ကွက်(၄)တွင် အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ ထောက်ပံ့သည့် လူမှုရေးပင်စင်များကို ယနေ့နံနက် (၁၀)နာရီ အချိန်ခန့်က အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရယ်မြို့ရပ်ကွက်(၁)တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ရန် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း
Jan 25,2021
လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပြန်လည်ရွေးချယ်ရန် အတွက် ကြီးကြပ်ရေးမှူးအဖွဲ့ ဖွဲ့စည်းခြင်းကို ယနေ့နံနက် (၁၀)နာရီက အမှတ်(၁)ရပ်ကွက်၊ ဇိနမာန်အောင်ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ် အဝေရာရာမ ရန်ကင်းပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
Jan 25,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ဘယ်လင်းကျေးရွာအုပ်စု၊ မြောက် ကျောက်မိုင်းကျေးရွာရှိ အဝေရာ ရာမရန်ကင်းပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အလှူငွေနှင့်လှူဖွယ်စ္စည်းများကို ယနေ့နံနက် (၈)နာရီကဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် အသက်၈၅နှစ်အထက် ဘိုးဘွားများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ထောက်ပံ့ငွေများပေးအပ်
Jan 25,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင်၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်၊ ပထမ၃လပတ် အတွက် အသက်၈၅နှစ်နှင့်အထက်ဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ၎င်းတို့မှ မွေးဖွားလာသော၂နှစ်အောက်ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို မြို့အုပ်ချုပ်ရေးမှူး ရုံးခန်း၌ ယမန်နေ့ နံနက်၁၀နာရီအချိန်တွင် ပြုလုပ်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြမြို့ မျိုးစေ့ထုတ်သမဝါယမအသင်းသားများအား စတုတ္ထအကြိမ် ပံ့ပိုးချေးငွေ ထုတ်ချေး
Jan 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် သမဝါယမအသင်းစုမှ မြောင်းမြမြို့တွင်း နွေစပါးမျိုးသန့် စိုက်နွေစပါး မျိုးသန့် စိုက်ပျိုးလုပ်ကိုင်မည့် တောင်သူများ မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ် နိုင်စေရန် ရည်ရွယ်၍ စတုတ္ထအကြိမ် ပံ့ပိုးချေးငွေ ထုတ်ချေးခြင်းကို ယမန့်နေ့ နေ့လယ်က ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25370
Page
25371
Page
25372
Page
25373
Current page
25374
Page
25375
Page
25376
Page
25377
Page
25378
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department