Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မုဒုံမြို့နယ် ကျိုက်ကာကျေးရွာတွင် အမှိုက်မီးရှို့ရာမှ မီးလောင်မှုဖြစ်ပွား
Jan 25,2021
မွန်ပြည်နယ် မုဒုံမြို့နယ်ကျိုက်ကာကျေးရွာတွင် ယမန်နေ့ညနေကအမှိုက်များ မီးပုံရှို့ရာမှ အနီးရှိ ရော်ဘာ စိုက်ခင်းသို့ မီးကူးစက်လောင်ကျွမ်း၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သုံးခွမြို့နယ်နှင့် ခရမ်းမြို့နယ်ရှိ ဆောင်းသီးနှံ ပဲတီစိမ်း GAP စနစ်ဖြင့် စိုက်ပျိုးထားရှိမှုများအား ကွင်းဆင်းစစ်ဆေး
Jan 25,2021
ရန်ကုန်တောင်ပိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် သုံးခွ မြို့နယ်နှင့် ခရမ်းမြို့နယ်အတွင်း ဆောင်းသီးနှံ ပဲတီစိမ်း GAP စနစ်ဖြင့် စိုက်ပျိုးထားရှိမှုများ အား ကွင်းဆင်းစစ်ဆေးခြင်းနှင့် စိုက်ပျိုးရေးဆိုင်ရာ လမ်းညွှန်မှုများအား ကွင်းဆင်း ဆောင်ရွက်ခဲ့ ကြောင်း ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ ပြန်လည်ဖွင့်လှစ်ခွင့်ပြုချိန် မဟာဗောဓိဘုရားကြီးအား လာ ရောက်ဖူးမြော် လေ့လာလိုသူများအတွက် ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ကြိုတင်…
Jan 25,2021
ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဒေသ ပြန်လည်ဖွင့်လှစ်ခွင့်ပြုချိန် ပုဂံမြို့ဟောင်းရှိ မဟာဗောဓိဘုရားကြီးအား လာရောက်ဖူးမြော် လေ့လာသူများ လာရောက်ချိန်တွင် ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကြိုတင်စီစဉ်ဆောင်ရွက် ထားရှိမှုများကို မဟာဗောဓိဘုရားကြီး ဂေါပကအတွင်းရေးမှူး ဦးမြစိုးထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလောမြို့နယ်အဝင် နန့်ပန်တက်ကျေးရွာ ကျန်းမာရေးစစ်ဆေးရေးဂိတ်၌ ယာဉ်မောင်း တစ်ဦးထံမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
Jan 25,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်အဝင် နန့်ပန်တက်ကျေးရွာ၊ မိုင်တိုင်အမှတ် (၅၃/၄) တွင် ကျန်းမာရေးစစ်ဆေးရေးဂိတ် ဖွင့်လှစ်၍ အခြားတိုင်းဒေသကြီး/ပြည်နယ်မှ ရှမ်း(တောင်)သို့ ဝင်ရောက်လာသည့် "အတက်ကား" ကုန်တင်ယာဉ်မောင်း/ယာဉ်နောက်လိုက်တို့အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိအား Test Kit ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်က ယာဉ်မောင်းတစ်ဦးထံမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်မြို့ ကျေးရွာများတွင် သွားလာရေး အဆင်ပြေစေရန် ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်
Jan 25,2021
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကြာအင်းကုန်းကျေးရွာ၊ ကမိုင်ကုန်းကျေးရွာနှင့် အံကောင်ကျေးရွာများတွင် ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်လုပ်ငန်းကို ယခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့မှစ၍ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် ကျေးရွာလူထုလုပ်အား ဖြင့် စတင်အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ကြ ကြောင်းသိရပါသည်။
အပြည့်အစုံ ဖတ်ရန်
မြိုင်ကြီးငူအထူးဒေသ(၂) ချမ်းသာမြိုင်ကျေးရွာ ကွန်ကရစ်လမ်းဖွင်ပွဲအခမ်းအနား
Jan 25,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် မြိုင်ကြီးငူအထူးဒေသ(၂)၊ ချမ်းသာမြိုင်ကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားအား ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။ လမ်းဖွင့်ပွဲ အခမ်းအနားတွင် ရွာဦးဘုန်းတော်ကြီးမှ လမ်းဖွင့်ပွဲတရားဟောကြားပြီး ချမ်းသာမြိုင်ကျေးရွာ ရပ်ကွက်မှူး ဦးညွန့်အောင်နှင့် ချမ်းသာမြိုင်ကျေးရွာ၊ လူထုဗဟိုပြုစီမံကိန်း အုပ်စုစီမံကိန်းအထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဒေါ်နော်ဒါးမုတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ် နယ်ခြားကျေးရွာတွင် စက်ရေတွင်းတူးဖော်မှုပြီးစီးသဖြင့် ကျေးရွာနေပြည်သူများ ပျော်ရွင်ဝမ်းမြောက်
Jan 25,2021
အပြည့်အစုံ ဖတ်ရန်
အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ရပ်ကွက်တွင် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများ အသိပညာပေး ရှင်းလင်းပွဲ အခမ်းအနားကျင်းပ
Jan 25,2021
မန္တလေးတိုင်း အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ရပ်ကွက်တွင် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများ အသိပညာပေး ရှင်းလင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ၂နာရီက သီရိမာလာအရှေ့ရပ်ကွက်၊ အကွက်(၁၈၉)ရှိ မြတ်စောညီနောင် ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25373
Page
25374
Page
25375
Page
25376
Current page
25377
Page
25378
Page
25379
Page
25380
Page
25381
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department