Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မန်တုံမြို့တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန် တာဝန်ရှိသူများ ကွင်းဆင်း
Jan 14,2021
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာများသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအိုက်ထွန်း အငယ်တန်း အင်ဂျင်နီယာ(၂) ဦးလင်းအောင် တို့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကံမမြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီးတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Jan 14,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ အမှတ်(၂)ရက်ကွက်ရှိ Quarantine Centre အဖြစ် ဖွင့်လှစ်ခဲ့သည့် မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီးတွင် ယခုအခါ၌ အသွားအလာ ကန့်သတ်စောင့်ကြည့်နေထိုင်သူများ မရှိတော့ သည့်အတွက် ဗိမာန်အတွင်း အပြင် သန့်ရှင်းရေးနှင့် ဆေးဖြန်းခြင်း လုပ်ငန်းများအား စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်
Jan 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၌ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်တွင် လယ်တီကျေးရွာအုပ်စု၊ စစ်ပင်ကျေးရွာရှိ Unicef သိုလှောင်ရုံ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်တွင် မွေးမြူရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ
Jan 14,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ အမှတ်(၅)ကျေးရွာအုပ်စု၊ အမှတ်(၅)ကျေးရွာတွင် မွေးမြူရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့သော အသင်းသားအသင်းသူများ၏ သားသမီးများကို ဂုဏ်ပြုငွေချီးမြှင့်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါကျေးရွာ ရွာလယ်ဓမ္မာရုံတွင် ကျင်းပ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် နွေစပါးသီးနှံ ၁၉၈၀၄ ဧက လျာထား စိုက်ပျိုး ဆောင်ရွက်သွားမည်
Jan 14,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် မဲဇလီရေလွှဲဆည်ရေကို ယခုလာမည့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် မြောက်မုန်းမြောင်းမကြီးအား စိုက်ပျိုးရေများ ဖြန့်ဝေဆောင်ရွက်ပေး သွားမည်ဖြစ်ပြီး နွေစပါးသီးနှံစိုက် ဧကအနေဖြင့် စုစုပေါင်း ၁၉၈၀၄ ဧက လျာထားစို က်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အဝီစိစက်ရေတွင်း တူးဖော်ခြင်းနှင့် မြေသားရေကန် ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်
Jan 14,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်တွင် ဆောင်ရွက်သည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများမှ အဝီစိစက်ရေ တွင်းတူးဖော်ခြင်းနှင့် မြေသားရေကန် ပြုပြင်ခြင်း လုပ်ငန်းများကို ယမန်နေ့နံနက် (၁၀) နာရီ အချိန်ခန့်က ကွင်းဆင်းကြီးကြပ်ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွန်ဟိန်းမြို့၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၁၃၆)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်
Jan 14,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်အဖြစ် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ (ပထမသုံးလပတ်) အတွက် မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အို ဘိုးဘွား(၁၃၆)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ခြင်း အား ယမန်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှေးယခင် မြို့ပေါင်း (၂၃၀) စေတီပေါင်း (၂၃၀) တည်ထားကိုးကွယ်ရာတွင် တစ်မြို့တစ်ဆူ ပါဝင်ခဲ့သော ဝန်းသိုမြို့နယ် မော်နိုင်းကျေးရွာရှိ ရွှေကူကြီးသာသနာ့ကုန်းမြေ
Jan 14,2021
အင်းဝဘုရင် စဉ့်ကူးမင်းလက်ထက်၊ အမရပူရရွှေမြို့တော်ကို ပထမတည်ထောင်တော်မူသည့် (ပဒုံမင်း) သို့မဟုတ် (ဘိုးတော်ဦးဝိုင်း) အုပ်စိုးတော်မူသော မြို့ပေါင်း ၂၃၀၌ ရွှေကူကြီးစေတီ ၂၃၀ ဆူတို့ကို ကောဇာသက္ကရာဇ် ၁၁၄၅ ခုနှစ်တွင် တည်ထားကိုးကွယ်တော်မူခဲ့ရာ ယခုလက်ရှိ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် မော်နိုင်း ကျေးရွာ အပါအဝင် မော်နိုင်း ကျောင်းတိုက်အတွင်းရှိ ရွှေကူကြီးစေတီလည်း တစ်ဆူအပါအဝင်ဖြစ်ကြောင်း ကျောက်စာ မှတ်တမ်းအရ သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27761
Page
27762
Page
27763
Page
27764
Current page
27765
Page
27766
Page
27767
Page
27768
Page
27769
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department