မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် One State One Township Project အရတိုင်းဒေသကြီးအစိုးရရန်ပုံငွေနှင့် အလှူရှင်များ၏လှူဒါန်းငွေဖြင့် မီးသင်္ဂြိုလ်စက်အားစတင်အသုံးပြုရန်နှင့် One State One Township Project အရရန်ပုံငွေ(၁)ဘီလီယံဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီအချိန်ခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။