Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ချင်းရွှေဟော်နယ်စပ်ဂိတ်မှ နေရပ်ပြန်ပြည်သူ (၅၈)ဦး ထပ်မံဝင်ရောက်
Jan 14,2021
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင် မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ဇန်နဝါရီလ (၁၂)ရက်နေ့က (၄၄)ဉီးနှင့် ယမန်နေ့၊ ညနေ(၆)နာရီအချိန်က (၁၄)ဉီး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၅၈)ဉီး ထပ်မံဝင်ရောက်လာခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စု၊ ကျော်သလေးခိုကျေးရွာတွင် ကျောင်းဝင်းခြံစည်းရိုးကာရန်ခြင်း လုပ်ငန်းစတင် ဆောင်ရွက်
Jan 14,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပညာရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေများဖြင့် နှစ်စဉ် ဘဏ္ဍာနှစ်အလိုက် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာ အုပ်စု၊ ကျော်သလေးခိုကျေးရွာ အခြေခံပညာမူလတန်းကျောင်း ဝင်းခြံစည်းရိုး ကာရန်ခြင်းလုပ်ငန်းများကို ဇန်နဝါရီလ ပထမပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ် သမှုန်းပင်ကျေးရွာသို့ သောက်သုံးရေများ သွားရောက်လှူဒါန်း
Jan 14,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် သမှုန်းပင်ကျေးရွာတွင် ယမန်နေ့နံနက် (၁၀) နာရီ အချိန်ခန့်က သောက်သုံး ရေများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်ရေး အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများရှင်းလင်း
Jan 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသစ်များ ပြန်လည်ရွေးချယ် ခန့်အပ်နိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသစ်များကို ဧပြီ၁ရက်နေ့မှ စတင်၍ တာဝန်ထမ်းဆောင် နိုင်ရေးအတွက် ရွေးချယ်ခန့်အပ်တာဝန်ပေးနိုင်ရန် ယနေ့နံနက်ပိုင်းက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၌ ဈေးကားများဖြင့် သား၊ ငါး၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာ ရောင်းချပေး
Jan 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများ စားရေးသောက်ရေး အဆင်ပြေစေရန်၊ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရန်၊ ဈေးများသို့ သွားရောက်၍ ဝယ်ယူစရာမလိုဘဲ စာသုံးနိုင်စေရန်နှင့် သန့်ရှင်းလတ်ဆတ်သော သား၊ ငါး၊ ဟင်းသီးဟင်းရွက်များ၊ စားသောက်ကုန်များကို ဝယ်ယူစားသုံးနိုင်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်(၇) နာရီအချိန်က ကြို့ကုန်းအရှေ့ ရပ်ကွက် မဟာသုခိတာလမ်းနှင့် YIT ကျောင်းတို့တွင် ဈေးနှုန်း သက်သာစွာ ဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ Lot-27 ပြည်နယ်ငွေလုံးငွေရင်းဖြင့် ကွန်ကရစ် Slab ခင်းခြင်းဆောင်ရွက်
Jan 14,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ Lot-27 ပြည်နယ် ငွေလုံးငွေရင်း ဖြင့် ကွန်ကရစ် Slab ခင်းခြင်း ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေသို့ အသင်းချုပ်၏ အမှုဆောင်အဖွဲ့ဝင်များ၊ ညီနောင် အသင်းများနှင့် အသင်းသူ၊ အသင်းသားများမှလည်း ပူးပေါင်းပါဝင်လှူဒါန…
Jan 14,2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေ (Covid-19 Vaccination Fund) သို့ အသင်းချုပ်၏ အမှုဆောင်အဖွဲ့ဝင်များ၊ ညီနောင်အသင်းများနှင့် အသင်းသူ၊ အသင်းသားများမှ ပူးပေါင်းပါဝင် လှူဒါန်းသွားမည် ဖြစ်ကြောင်း ဇန်နဝါရီလ (၁၁) ရက်နေ့ ကျင်းပသော အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်ဆေးရုံကြီး၊ ဖျားနာဆောင်တွင် ဆေးကုသမှုခံယူနေသူများနှင့် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများကို အသင့်စားသုံးနိုင်သည့် ထမင်းဘူး(၁၅၀)၊ အလှူငွေများနှင…
Jan 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အထွေထွေရောဂါကုဆေးရုံကြီး (အင်းစိန်)၊ ဖျားနာဆောင်တွင် ဆေးကုသမှုခံယူနေသူများနှင့် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေး ဝန်ထမ်းများကို အသင့်စားသုံးနိုင်သည့် ထမင်းဘူး(၁၅၀)၊ အလှူငွေများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများကို ယမန်နေ့ နံနက်ပိုင်းက အထွေထွေရောဂါကု ဆေးရုံကြီး (အင်းစိန်)တွင် အလှူရှင်များက အသီးသီး လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27762
Page
27763
Page
27764
Page
27765
Current page
27766
Page
27767
Page
27768
Page
27769
Page
27770
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department