Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဒဂုံမြို့နယ်တွင် Stay at home ကာလတွင် နယ်မြေအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး ယာဉ်ကြောများ ပိတ်ဆို့စစ်ဆေးခြင်း ဆောင်ရွက်
Jan 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ဦးဝိစာရရပ်ကွက် ဒဂုံပန်းခြံရှေ့တွင် ယမန်နေ့ညက မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ ယာဉ်ထိန်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့က Stay at HOme ကာလတွင် ပြည်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းများကို လိုက်နာခြင်း မရှိပဲ အကြောင်းမဲ့ ဝင်ထွက်သွားလာနေခြင်းများ မရှိစေရန် အတွက်
အပြည့်အစုံ ဖတ်ရန်
(၈၃)နှစ်မြောက် ကရင်အမျိုးသားအောင်ပွဲနေ့ နတ်တလင်းမြို့နယ်တွင် ကျင်းပ
Jan 14,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် နတ်တလင်းမြို့နယ်တွင် (၈၃)နှစ်မြောက် ကရင်အမျိုးသား အောင်ပွဲနေ့ အခမ်းအနားကို တံခွန်တိုင်ကျေးရွာအုပ်စု တံခွန်တိုင်ကျေးရွာအနောက်ခြမ်း ကရင်တိုင်းရင်းသားများ နေထိုင်ရာ ကျေးရွာ၌ ယမန်နေ့က ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသတွင် သကြားပြောင်းစိုက်ခင်းအား ပိုးမွှားအန္တရာယ်ကျရောက်မှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေး
Jan 14,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသ အေးလင်းသာယာကွင်းတွင် စိုက်ပျိုးထားသော သကြားပြောင်း စိုက်ခင်းအား ပိုးမွှားအန္တရာယ်ကျရောက်မှု မရှိစေရေးအတွက် ကွင်းဆေးစစ်ဆေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်လေးပင်မြို့နယ် ရဲတပ်ဖွဲ့မှူး အပါအဝင်သုံးဦး ကိုဗစ်ရောဂါပိုးကူးစက်ခံရပြီး ရဲစခန်းအား အသွားအလာ ကန့်သတ်
Jan 14,2021
ညောင်လေးပင်မြို့နယ်ရဲတပ်ဖွဲ့တွင် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ရဲတပ်ဖွဲ့မှူး အပါအဝင် (၃)ဦ:အား ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသဖြင့် ညောင်လေးပင်ရဲစခန်းအား အသွားအလာ ကန့်သတ်ထားကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး လှိုင်းဘွဲမြို့နယ်အတွင်း ဆောင်ရွက်နေ သည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်…
Jan 14,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီ ဖြင့် ဆောင်ရွက်နေသော လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် အကောင်အထည်ဖော် ဆောင်ရွက်နေသောလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုခြင်းကို ယမန်နေ့က ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စီမံကိန်းတာဝန်ခံ ဒုတိယညွန်ကြားရေးမှူးဦးစတင့်ဝေနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့ G.T.I Quarantine Center ဝင်ရောက်နေသူ(၂၄၆)ဦးမှ Swab ယူရန်ကျန်ရှိသူ(၆၅)ဦးအား RDT Test Kit ဖြင့်စစ်ဆေးရာ အနံ့ပျောက်ပိုးတွေ့…
Jan 14,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း Quarantine Center ဝင်ရောက်နေသူ (၂၄၆)ဦးမှ Swab ယူရန်ကျန်ရှိသူ(၆၅)ဦးအား ဇန်နဝါရီ(၁၃)ရက်နေ့ က RDT Test Kit ဖြင့်စစ်ဆေးရာ၊ ယမန်နေ့က အနံ့ပျောက် သဖြင့် ဆေးရုံတက်ရောက်ကုသပြီး၊ စစ်ဆေးရာမှ ရောဂါပိုးတွေ့ရှိသူများနှင့်ဆက်စပ်သဖြင့် Quarantine ဝင်ရောက်နေသူ(၈)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မြင်းခြံခရိုင်တွင် ၂၀၂၀ ပြည့်နှစ် တစ်နှစ်တာအတွင်း မီးလောင်မှု (၄၇) ကြိမ်ထိ ဖြစ်ပွားခဲ့
Jan 14,2021
၂၀၂၀ ပြည့်နှစ် တစ်နှစ်တာအတွင်း မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်တွင် မီးလောင်မှု (၄၇) ကြိမ်ထိ ဖြစ်ပွားခဲ့ကြောင်းနှင့်ယခင်နှစ်ကထက်(၁၅)ကြိမ် ပိုမိုဖြစ်ပွားခဲ့ကြောင်းကို မြင်းခြံခရိုင် မီးသတ်ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်သက်လှိုင်ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်မြို့ Lockdown ချထားသော နေရာ(၄)နေရာသို့ စားသောက်ကုန်များ ထောက်ပံ့ကူညီပေး
Jan 14,2021
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှု များပြားလာသဖြင့် ဧရာဝတီတိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှ Lockdown ပြုလုပ်ထားသော ပုသိမ်မြို့နယ်ရှိ တဂေါင်းဘုရား (အတွင်းချောင်လမ်း)၊ ငုဝါ(၃)လမ်းရှိ အဆောင်တစ်ဆောင်၊ ရွှေဘုံသာဘုရားလမ်းရှိ နေအိမ်များ၊ ဒုံကွင်းတိုးချဲ့(၃)လမ်းစသည့် နေရာ(၄)နေရာကို ယမန်နေ့ ညနေပိုင်းက လှူဒါန်းထားသော ဆရာဝန်ကြီးများ၊ အလှူရှင် မိဘပြည်သူများတို့၏ ကိုယ်စား စားသောက် ကုန်များကို သွားရောက် လှူဒါန်းခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27763
Page
27764
Page
27765
Page
27766
Current page
27767
Page
27768
Page
27769
Page
27770
Page
27771
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department