အမြို့မြို့အနယ်နယ်သတင်းများ

Jan 13,2021
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စိစစ်ရွေးချယ်ခြင်းနှင့် စပ်လျဉ်း၍ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းရန်အတွက် တတိယအကြိမ် ပြင်ဆင် ထားသည့်ဥပဒေ၊ နည်းဥပဒေများ အသိပေးရှင်းလင်းခြင်းကို ယနေ့နံနက်၉နာရီကစတင်၍ ရွှေတောင်ရပ်ကွက်နှင့် စစ်ကဲကုန်းရပ်ကွက်တို့၌ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုတိယမြို့နယ်ရဲမှူးဦးသိန်းတိုး၊ မြို့နယ်မီးသတ်ဦးစီး မှူး ဦးစိုးကျော်သူ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမောင်မောင်စိုး၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးမှူး ဒေါ်ဇာဖြူဝင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ဝါဝါရီတို့က ကွင်းဆင်း ဆောင်ရွက်ကြောင်း သိရသည်။
Jan 13,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် မွေးမြူးရေးနှင့်ကုသရေးဦးစီးဌာနမှ ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းကို ယမန်နေ့က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jan 13,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာ(၁၁)ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရွှေဘိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Jan 13,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့၌ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖောက်လုပ်သည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ မက်မန်းမြို့ မြို့ပတ်လမ်းဖောက်လုပ်နေမှုနှင့် မက်မန်း-ကောင်းလန်း လမ်းဖောက်လုပ်နေမှုအား မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ် တည်ဆောက်မှုလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 13,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့တွင် အော်တိုတယ်လီဖုန်း (ကြိုးဖုန်း)များ FIBER CABLE အင်တာနက် ဝိုင်ဖိုင်စနစ်တပ်ဆင်အသုံးပြုနိုင်ရေး FIBER To THE HOME အစီအစဉ်လုပ်ငန်းများအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT က ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလမှ စတင်ကာ ဆောင်ရွက်လျက်ရှိသည်။
Jan 13,2021
ပြည်ထောင်စုနယ်မြ၊ နေပြည်တော် တပ်ကုန်းမြို့နယ် စိုက်ပျိုးရေးတောင်သူများ ဟင်းသီး ဟင်းရွက်များအား ဓာတုပိုးသတ်ဆေးများ လျှော့ချသုံးစွဲရေးနှင့်GAP စိုက်ပျိုးရေးဆိုင်ရာ အလေ့ အကျင့်များရရှိစေရန်အတွက် ရှင်းလင်းဆွေးနွေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက ကျားသေအိုင် ကျေးရွာအုပ်စု၊ ကျားသေအိုင်ကျေးရွာပိုင် သမဝါယမအဆောက်အဦတွင် ကျင်းပသည်။
Jan 13,2021
ရန်ကုန်တိုင်းဒေသကြီး၊တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသစ်များ ပြန်လည်ရွေးချယ် ခန့်အပ်နိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးသစ်များကို ဧပြီ၁ရက်နေ့မှစတင်၍ တာဝန် ထမ်းဆောင်နိုင်ရေးအတွက် ရွေးချယ်ခန့်အပ်တာဝန်ပေးနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းနှင့်ညနေပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။