Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ညောင်ဦးမြို့နယ် သစ်ပင်လဲကျမှုကြောင့် ပျက်စီးသွားသည့်အိမ်ပိုင်ရှင်များကို ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ငွေပေးအပ်
Nov 10,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အမှတ်(၅)ရပ်ကွက်၊ ဈေးတန်းမြောက်ရပ်၌ ယနေ့နံနက် ၆ နာရီခွဲအချိန်ခန့်က သက်တမ်းရင့်ညောင်ပင်ကြီးမှ ကြီးမားသည့် ညောင်ကိုင်းကြီးကျိုးပဲ့ကျရာ လူနေအိမ်သုံးအိမ်ပေါ်ပိပြီး အိမ်များပျက်စီး သွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုဂံခရီးစဉ်ဒေသဖွံ့ဖြိုးတိုးတက်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေး ကျင်းပ
Nov 10,2020
ဒေသဆိုင်ရာခရီးသွားကော်မတီမှ ချမှတ်ထားသော လမ်းညွှန်ချက်များနှင့်အညီဆောင်ရွက်ရန် ပုဂံ ရှေးဟောင်းယဉ်ကျေးမှုဒေသရှိ ခရီးသွားလာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ အဆင့်အတန်းနှင့် အရည်အသွေး မြင့်မားတိုးတက်စေပြီး ယဉ်ကျေးမှုအမွေအနှစ်များ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည့်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပုဂံခရီးစဉ်ဒေသဖွံ့ဖြိုးတိုးတက်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ပုဂံမြို့ဟောင်းရှိ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ B.I.T.C (ဘုတ်ကျောင်း) အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အမရပူရမြို့နယ်တွင် အခြေခံအိမ်ထောင်စု (၃၂၂၇၈) စုအား ထောက်ပံ့ငွေများပေးအပ်ရန် အစည်း အဝေးကျင်းပ
Nov 10,2020
နိုင်ငံတော်မှ တက်နိုင်သမျှ ပုံမှန်ဝင်ငွေမရှိသော အခြေခံအိမ်ထောင်စုများအား စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို အမရပူရမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘောဂလိမြို့ ဖြတ်လမ်းကူးကျေးရွာ၌ မျိုးကောင်းမျိုးသန့် မိုးစပါးဆင်းသုခ စံကွက်ရိတ်သိမ်း
Nov 10,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့၌ မိုးစပါးဆင်းသုခ မျိုးသန့်မျိုးစေ့ထုတ် (၁၅) ဧကတွင် တတိယအကြိမ် မျိုးကွဲပယ်ခြင်းနှင့် စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့နံနက်ပိုင်းက ဖြတ်လမ်းကူးကျေးရွာရှိ တောင်သူဦးဝါးနေမူးအပါအဝင် တောင်သူ(၈)ဦးပိုင် လယ်မြေတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ တောင်သူဦးဝါးနေမူးအပါအဝင် တောင်သူ (၈) ဦးပိုင် လယ်မြေတွင် စိုက်ပျိုးထားသော ဆင်းသုခ မျိုးကောင်းမျိုးသန့် မိုးစပါးစံကွက် (၁၅) ဧကအား ရိတ်သိမ်းခဲ့ရာ စပါးအစိုအထွက်နှုန်း တစ်ဧကလျှင် (၈၅ဒသမ၅၀)တင်းထွက်ရှိပြီး ဆင်းသုခမျိုးကောင်းမျိုးသန့်စပါးများအား စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် လာမည့်နှစ်မိုးစပါး စိုက် ပျိုးချိန်တွင် ပြန်လည်ဖြန့်ဝေပေးသွားမည်ဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် မန္တလေးစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီသို့ ကိုးကန့်လူမှုဖွံ့ဖြိုးရေးအသင်းမှ နှာခေါင်းစည်း(Mask) တစ်သောင်းခွဲလာရောက်လှူဒါန်း
Nov 10,2020
ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် မန္တလေးစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီသို့ ကိုးကန့်လူမှုဖွံ့ဖြိုးရေး အသင်းမှ နှာခေါင်းစည်း(Mask) အခုရေတစ်သောင်းခွဲလာရောက်လှူဒါန်းပွဲကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ကနောင်ခန်းမတွင် ယနေ့နံနက် ၁၀ နာရီ က ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် - ၁၉ ကုသရေးဌာန (ဒဂုံတောင်ပိုင်း)သို့ ကရင်ပြည်နယ်မှ သူနာပြု ဆရာ/ဆရာမ (၂၀) ဦး သွားရောက်တာဝန်ထမ်းဆောင်ရန်ထွက်ခွာ
Nov 10,2020
ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် ၁၉ ကုသရေးဌာန(ဒဂုံတောင်ပိုင်း)တွင် သွားရောက်တာဝန်ထမ်းဆောင်ရန်အတွက် ကရင် ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဆေးရုံများမှ သူနာပြု ဆရာ/ဆရာမ ၂၀ ဦးတို့သည် ယနေ့နံနက်ပိုင်းက ဘားအံမြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီးမှ မော်တော်ယာဉ်ဖြင့် ထွက်ခွာသွားခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူခရိုင် မြိုင်မြို့နယ်အတွင်းပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် စတုတ္ထအကြိမ်မြောက် ထောက်ပံ့ငွေ ပေးအပ်
Nov 10,2020
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာလအတွင်း နိုင်ငံတော် အစိုးရအနေဖြင့် ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစား အိမ်ထောင်စုများအတွက် စတုတ္ထအကြိမ် မြောက် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၇နာရီခွဲ အချိန်က မြို့နယ် အထွေထွေအုပ်ချုပ် ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(CERP) အစီအစဉ်ဖြင့် ဆောင်ရွက်ထားရှိသော မိုးစပါး ဧရာမင်း ( FS – RS ) မျိုးစေ့ထုတ်စိုက်ကွက်အား စံကွက်…
Nov 10,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မြို့မနည်းပညာပေး စင်တာနယ်မြေအတွင်းရှိ တောင်သူ ဦးအောင်မျိုး၏ စိုက်ခင်းအတွင်း CERP အစီအစဉ်ဖြင့်စိုက်ပျိုးထားရှိသော မိုးစပါး ဧရာမင်း (FS-RS) မျိုးစေ့ထုတ် စိုက်ကွက်အား ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့က စံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28301
Page
28302
Page
28303
Page
28304
Current page
28305
Page
28306
Page
28307
Page
28308
Page
28309
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department