အမြို့မြို့အနယ်နယ်သတင်းများ

Nov 10,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် သန့်ရှင်းသာယာလှပရေးနှင့် ရန်ကုန်တိုင်းဒေသကြီး စည်ပင်ယာရေးကော်မတီမှ လမ်းညွှန်မှုဖြင့် သန်လျင်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ ဦးဆောင်ကာ မြို့နယ်စည်ပင်သာရေးအဖွဲ့မှ ဆောင်ရွက် လျက်ရှိသော အောင်ချမ်းသာရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီး ရထားလမ်းဘေးရှိ ရေထွက်မြောင်း ရေတိုက်စားမှုကြောင့်ပျက်စီးသွားခြင်းအား ပြန်လည်ပြုပြင်နေခြင်းကို ယနေ့ မွန်းတည့် ၁၂ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Nov 10,2020
မန္တလေးတိုင်းဒေသကြီး လေအေးပေးစက်နှင့်ပတ်သက်သော စက်မှုနည်းပညာရှင်များအသင်း (MATA)မှ အမရပူရမြို့နယ် ကြက်ခြေနီအသင်း၏ အထွေထွေသုံးယာဉ်တစ်စီးကို ကိုဗစ် - ၁၉ ရောဂါ တုံ့ပြန်ရေးအတွက် လှုပ်ရှားနှာခေါင်းတို့ပတ်ယူယာဉ်အဖြစ် တည်ဆောက်ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က အဆိုပါအသင်းရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
Nov 10,2020
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင်၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပပြီးခဲ့၍ မဲရုံများတွင်အသုံးပြုခဲ့သော မဲပုံးနှင့် ဆက်စပ်ပစ္စည်းများကို နိုဝင်ဘာ ၁၀ ရက်နေ့ကမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးထံလာရောက်အပ်နှံလျက်ရှိကြောင်းသိရသည်။
Nov 10,2020
 နိုင်ငံတကာရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့ဖြစ်သည့် ANFREL Asian Network for Free Elections မှ နိုင်ငံတကာရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူနှစ်ဦးတွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိကြောင်း ခရိုင်ရွေး ကောက်ပွဲ ကော်မရှင်ရုံးမှ သိရသည်။
Nov 10,2020
ကိုဗစ်-၁၉ ကာလအတွင်း စားဝတ်နေရေး အဆင်ပြေစေရန် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်း ခရိုင်၊   မြောက်ဥက္ကလာပမြို့နယ်စည်ပင်သာယာရေးကော်မတီ  စီမံခန့်ခွဲမှုအောက်ရှိ  စည်ပင် သာယာ
Nov 10,2020
ပဲခူးမြို့ ဥဿာမြို့သစ်၊ (၆)ရပ် ကွက် သမိန်ဗရမ်းလမ်းရှိ ပဲခူးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးတွင် နိုဝင်ဘာ ၁၀ရက် နံနက် ၁၁နာရီက ကျန်းမာ‌ရေးညွှန်ကြားချက်များနှင့်အညီ ကိုဗစ်-၁၉  ရောဂါ  Stay at Home ကာလအတွင်း ယာယီပိတ်သိမ်းထားသည့် စက်ရုံများအား ဒုတိယအကြိမ် လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် (၄၀%) ခွင့်ပြုပေးအပ်ခြင်း အခမ်းအနားကျင်းပခဲ့သည်။
Nov 10,2020
ပဲခူးမြို့၊ လိပ်ပြာကန်ရပ်ကွက်၊ သနပ်ပင်လမ်းမတန်းရှိ ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှူး ရုံးဝန်းအတွင်း၌ နိုဝင်ဘာ ၁၀ရက် နံနက် ၁၀နာရီက လူမှုဝန်ထမ်းဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူးရုံး နှစ်ထပ်အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့သည်။