အမြို့မြို့အနယ်နယ်သတင်းများ

Nov 08,2020
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်ရှိ ဟိုပန်မြို့နှင့် ပန်လုံမြို့တို့တွင် ယနေ့နံနက် (၆)နာရီမှစတင်၍ မဲရုံအသီးသီးတွင် ပြည်သူများအေးချမ်းစွာ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
Nov 08,2020
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပလျက်ရှိရာ ကလောမြို့နယ်အတွင်းရှိ ရပ်ကွက်(၂၈)ရပ်ကွက် ကျေးရွာအုပ်စု (၂၆)အုပ်စုတွင် မဲရုံပေါင်း (၁၄၁)ရုံအား ယနေ့နံနက် ၆နာရီမှစ၍ ဖွင့်လှစ်ပြီး မဲဆန္ဒရှင်ပြည်သူများ လာရောက်ဆန္ဒမဲများပေးလျက်ရှိကြောင်း သိရသည်။
Nov 08,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ တောင်ငူ ခရိုင် ထန်းတပင်မြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသည့် ရပ်ကွက် /ကျေးရွာ အုပ်စု( ၃၅ )အုပ်စုမှ မဲရုံပေါင်း (၉၄)ရုံ၌ မဲဆန္ဒရှင် ပြည်သူများ ယနေ့ နံနက် ၆ နာရီအချိန်က စတင်၍ ဆန္ဒမဲများ ပေးနေ ကြောင်း သိရသည်။
Nov 08,2020
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးကို နိုဝင်ဘာလ (၈) ရက်နေ့တွင် နိုင်ငံ တစ်ဝှမ်းတွင် ကျင်းပလျက်ရှိရာ မန္တလေးခရိုင် မဟာအောင်မြေမြို့နယ်တွင် မဲရုံမှူးများက မဲပုံးများကို မဲရုံကိုယ်စားလှယ်များရှေ့ပြသကာ ချိတ်ပိတ်ပြီး နံနက် (၆) နာရီတွင် မဲရုံဖွင့် ကြောင်း ကြေညာဖွင့်လှစ်ခဲ့ရာ ပြည်သူအများ ဆန္ဒမဲများ အားတက်သရော လာရောက် ပေးကြကြောင်း သိရသည်။
Nov 08,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယနေ့နံနက် ၆နာရီ က စတင်ဖွင့်လှစ်ခဲ့ပြီး သက်ဆိုင်ရာ မဲရုံအသီးသီးတွင် ပြည်သူများ အေးချမ်းစွာမဲပေးလျက်ရှိသည်။
Nov 08,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ဆန္ဒမဲပေးနိုင်ရန် ရပ်ကွက် (၄)ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၉)အုပ်စုတွင် ယနေ့နံနက် ၆နာရီမှ စတင်ကာ မဲရုံများဖွင့်လှစ်၍ ဆန္ဒမဲပေးနေကြောင်း သိရသည်။
Nov 08,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင်(၂၀၂၀) ပြည့်နှစ် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ယနေ့ နံနက် (၆) နာရီမှစ၍ မြို့ပေါ်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ ဆန္ဒမဲရုံများတွင် ကျင်းပခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ပြည်သူများ ပျော်ရွှင်အေးချမ်းစွာ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။