အမြို့မြို့အနယ်နယ်သတင်းများ

Nov 05,2020
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းနှင့် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုလုပ်ငန်းကို ပုံပါကျင်မြို့ ကျေးလက်ကျန်းမာရေးဌာနတွင် ယမန်နေ့ နံနက်(၉)နာရီမှစ၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Nov 05,2020
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက် နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင် ရေး အတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ရွေးကောက်ပွဲကျင်းပသည့် နေ့ရက် တွင် သက်ဆိုင်ရာမဲဆန္ဒနယ်၏ ပြင်ပသို့ရောက်ရှိနေသူများ၊ အကြောင်းအမျိုးမျိုးကြောင့် နယ်မြေ ကျော်လွန်သူများ၊ နိုင်ငံ့တာဝန်ထမ်းဆောင်သူများက မိမိတို့မဲဆန္ဒနယ်သို့ ပုံစံ (၁၅) ဖြင့် လျှောက် ထားပြီး ပြန်လည်ပေးပို့လာသည့် မဲဆန္ဒရှင်များက ဆန္ဒမဲများလာရောက် ပေးလျက် ရှိကြောင်း သိရသည်။
Nov 05,2020
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် မြို့မဈေးအတွင်း ဖွင့်လှစ် ရောင်းချလျက်ရှိသော စားသောက်ကုန်ဆိုင်တန်းများ ရောင်းချနေမှုအခြေအနေအား ယနေ့ နံနက် ၇ နာရီအချိန်ခန့်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးထိုက်ဝင်း နှင့် အဖွဲ့က ဈေးအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Nov 05,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြိုနယ်၊ (ဇ)ရပ်ကွက် စေတနာရှင် အသင်းမှ ကြက်ခြေနီတပ်ဖွဲ့အတွက် လိုအပ်လျက်ရှိသည့် ကြက်ခြေနီဝတ်စုံများကို ယနေ့ နံနက် ၁၀ နာရီက လှူဒါန်းခဲ့ကြောင်း သိရသည်။
Nov 05,2020
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုင်ဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် မဲပုံး၊ မဲစာရင်း၊ ဆန္ဒမဲလက်မှတ်နှင့် မဲရုံသုံးပစ္စည်းများကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများ ထုတ်ပေးခဲ့သည်။
Nov 05,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် Community Based Facility Quarantine Center ရှိ အသွားအလာ ကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်း များအတွက်
Nov 05,2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ(၈) ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်‌မြေများအတွင်း ဆန္ဒမဲပေးနိုင်‌ရန်အတွက် လက်ပံတန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက မဲလက်မှတ်၊ မဲစာရင်းနှင့် ဆက်စပ်ပစ္စည်းများကို ယမန်နေ့က မဲရုံ(၁၇၆)အား ထုတ်ပေးဆောင်ရွက်ပြီးခဲ့ကြောင်း သိရသည်။