အမြို့မြို့အနယ်နယ်သတင်းများ

Nov 04,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်အတွင်းရှိ မဲရုံ(၈၂)ရုံများ အတွက်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအမျိုးသားအဆင့်ဗဟိုကော်မတီမှ  ပေးပို့လှူဒါန်းသော ကိုဗစ်-၁၉ရောဂါကာကွယ်ရေးပစ္စည်း(၇)မျိုးဖြစ်သည့် KN-95 (၂၇၀၉၂)ခု၊ Exam Glove(၄၉၂၀)ခု၊ Face Shield (၄၁၀)ခု၊ Coverall( PPE-3) (၄၁၀)ခု၊ Surgical Glove (PPE-3) (၄၁၀)ခု၊ Protective Mask(PPE-3) (၄၁၀)ခု၊ Boot(PPE-3)(၄၁၀)ခုတို့ကို  မြို့နယ်အတွင်းရှိ  သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုများအား ယနေ့နံ ၉ နာရီအချိန်တွင် မြို့နယ်စုပေါင်းရုံးခန်း၌ တာဝန်ရှိသူတို့က  ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
Nov 04,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ရပ်ကွက်နှင့် ကျေးရွာများမှ အသက် ၂ နှစ်အောက်ကလေးငယ် များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ယနေ့ နံနက် ၈ နာရီခန့်က ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Nov 04,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မဲရုံများသို့ ဆန္ဒမဲလာရောက်မပေးနိုင်သည့်သူများအား အိမ်တိုင်ရာရောက်စနစ်ဖြင့် ကြိုတင်ဆန္ဒမဲ ပေးခြင်းကို ယနေ့ နံနက်ပိုင်း ၁၀ နာရီခန့်က ရပ်ကွက်အတွင်းသို့ ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Nov 04,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၌ မဲရုံများ ပြင်ဆင်ထားရှိမှု အခြေအနေများကို တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်ရှိ မဲရုံများအား ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Nov 04,2020
ကရင်ပြည်နယ် ဘားအံခရိုင် သံတောင်ကြီးမြို့နယ်တွင် ကျား/မရေးရာအခြေပြု အကြမ်းဖက်မှု လျှော့ချရေး သင်တန်းဆင်းပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ရှင်‌ယောဟန်ဓမ္မရိပ်သာတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
Nov 04,2020
စစ်ကိုင်းတိုင်းဒေသကြီး၊နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊နန်းယွန်းမြို့၌ အမျိုးသမီးငယ် များ သားအိမ်ခေါင်း ကင်ဆာရောဂါ (HPV)ကာကွယ်ဆေးကို ပုံမှန် ကာကွယ် ဆေးထိုးနှံခြင်း အစီအစဉ်အဖြစ် ပထမအကြိမ် စတင် ထိုးနှံ ခြင်းကို နိုဝင်ဘာလ ၃ ရက် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Nov 04,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲနှင့် ခရိုင်ရွေးကောက်ပွဲဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင်တို့က ယမန်နေ့ညနေ(၄)နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Nov 04,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့တွင် COVID -19 Test Kit ဝယ်ယူရန် ကျပ်သိန်းသုံးဆယ်ကို ယမန်နေ့က ဟုမ္မလင်းမြို့ ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ရုံး ခန်းမ၌ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။