Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဥတ္တရသီရိမြို့နယ်တွင် ဆန္ဒမဲလက်မှတ်များနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ်
Nov 05,2020
၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်းရှိ မဲရုံများအား ဆန္ဒမဲလက်မှတ်များနှင့် မဲရုံအလိုက်တာဝန်ထမ်းဆောင်မည့်သူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ခွဲဝေပေးအပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီက ဥတ္တရသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲရုံးတွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ငါန်းဇွန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေးလုပ်ငန်းညှိနှိုင်းဆွေးနွေး
Nov 05,2020
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် ယမန်နေ့ နံနက် ၁၀နာရီခွဲမှ မွန်းတည့် ၁၂နာရီအထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ၂၀၂၀ပြည်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ လုပ်ငန်းညှိနှိုင်းဆွေနွေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆွာချောင်းရေလှောင်တမံမှ နွေစပါးစိုက်ဧက ၉၀၀၀ ကျော် ရေပေးဝေသွားမည်
Nov 05,2020
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သိုင်းဝ ကျေးရွာအုပ်စု၊ ကျွန်းပင်ဆိပ်ကျေးရွာအနီးရှိ ဆွာချောင်း ရေလှောင်တမံမှ ၂၀၂၀-၂၀၂၁ နွေစပါးရာသီ တွင် ကျေးရွာအုပ်စု ၁၀ အုပ်စုရှိ စိုက်ပျိုး ဧက ၉၀၀၀ ကျော်ကို ဒီဇင်ဘာလ ၁၀ ရက်နေ့မှ စတင်၍ ရေပေးဝေရန်လျာထားကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ် ရွေးဂွန်းကျေးရွာရှိ ပဲပုတ်၊မြေပဲသီးနှံစိုက်ပျိုးထားသော စိုက်ခင်းများအား ပိုးမွှားရောဂါ ကျရောက်မှု ရှိ/မရှိ စစ်ဆေး
Nov 05,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ပဲပုတ်၊ မြေပဲသီးနှံစိုက်ခင်းများတွင် ပိုးမွှား ရောဂါကျရောက်မှု မရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က သာယာကုန်းကျေးရွာ၊ ဝါးခုတ်တော ကျေးရွာများတွင် ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်ဆန်မြို့နယ် ဇယန်းကြီးကျေးရွာအုပ်စုတွင် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများက ကြိုတင်ဆန္ဒမဲ ပေးခြင်း ဆောင်ရွက်
Nov 05,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ဇယန်းကြီး ကျေးရွာအုပ်စုတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများက ယမန်နေ့နံနက်ကစ၍ ကြိုတင်ဆန္ဒမဲကို သတ်မှတ် နေရာဖြစ်သည့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် လာရောက်ပေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဗိုလ်တထောင်မြို့နယ်တွင်နှာခေါင်းစည်း maskများတပ်ဆင်၍ စစ်ဆေးမှုများကို အရှိန်အဟုန်မြှင့် နေ့စဉ်ဆောင်ရွက်
Nov 05,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုကို ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် နှာခေါင်းစည်းမတပ်ဆင်သူများအားစစ်ဆေးခြင်းကို ယနေ့နံနက်(၉)နာရီက စျေးများနှင့်လူ စည်းကားရာနေရာများ၌ အရှိန်အဟုန်မြှင့်၍ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်တွင် ကြိုတင်ဆန္ဒမဲပေးရန် မလာရောက်နိုင်သော မဲဆန္ဒရှင်များအား အိမ်တိုင်ရာရောက် ကြိုတင်မဲပေးနိုင်ရေးဆောင်ရွက်
Nov 05,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် အောက်တိုဘာလ(၂၉)ရက်နေ့ တွင် ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အသက်(၆၀)နှစ်အထက် ကျန်းမာရေးမကောင်း၍ ကြိုတင်ဆန္ဒမဲပေးရန် မလာရောက်နိုင်သော မဲဆန္ဒရှင်ပြည်သူများအနေဖြင့် အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲပေး နိုင်ရေးလုပ်ငန်းများကို ယမန်နေ့ စတင်၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုမိန်းမြို့ပေါ်ရှိ မဲရုံများပြင်ဆင်ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေး
Nov 05,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ဟိုမိန်းမြို့တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့ပေါ်(၃)ရပ်ကွက်ရှိ မဲရုံများ ပြင်ဆင်ထားရှိမှုအခြေအနေအား ယနေ့ နံနက် ၁၀ နာရီက မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28367
Page
28368
Page
28369
Page
28370
Current page
28371
Page
28372
Page
28373
Page
28374
Page
28375
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department