အမြို့မြို့အနယ်နယ်သတင်းများ

Oct 31,2020
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် အမှတ်(၆)ရပ်ကွက်၊ မြို့သစ်(၄)လမ်းတွင် ယနေ့နံနက် (၁၀)နာရီခွဲ အချိန်ခန့်က မီးပလပ်ခုံမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားရာ နေအိမ်(၂)လုံး မီးလောင်ကျွမ်းပြီး နေအိမ်တစ်လုံးမှာ တစ်ဝက်ခန့် ပျက်စီးခဲ့ကြောင်း သိရ သည်။
Oct 31,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာ​တော်မြို့နယ်၌  ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် အောက်တိုဘာလ ၂၉ ရက်နေ့မှစတင်၍ အသက် (၆၀) နှစ်နှင့် အထက်ရှိသော မဲဆန္ဒရှင်ပြည်သူများ အဆင်​ပြေစွာ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် ​ဆောင်ရွက်ထားရှိမှုများနှင့် ရပ်ကွက်နှင့်ကျေးရွာ အုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဆန္ဒမဲများလာ​ရောက်​ပေးနေမှု အခြေအနေ များကိုမြို့နယ်​ရွေး​ကောက်ပွဲဆိုင်ရာ လုံခြုံ​ရေးစီမံခန့်ခွဲမှု​ကော်မတီဥက္ကဋ္ဌ ဦးသိုက်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ရဲမှူးရဲလွင် နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက လိုက်လံ ကြည့်ရှုစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Oct 31,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် ၊ ပန်ဆိုင်း (ကြူကုတ်)မြို့ မြို့ ကော်မရှင်အဖွဲ့ခွဲမှ ၂၀၂၀ပြည့်နှစ်  နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲရုံလုပ်ငန်းများနှင့် မဲပေးပုံ အဆင့်ဆင့်အား ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူများနှင့် အဖွဲ့ဝင်များကို ယမန်နေ့နံနက်ပိုင်းက အ.လ.က(ခွဲ) စာသင်ကျောင်း၌ ဇာတ်တိုက်လေ့ကျင့်ခြင်းကို လက်တွေ့ သရုပ်ပြခဲ့ကြောင်း သိရသည်။
Oct 31,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်တွင် ယခုအောက်တိုဘာလအတွင်း ချင်းတွင်း မြစ်ရေသည် စိုးရိမ်ရေအမှတ်အထက် ကျော်လွန်မြင့်တက်ခဲ့ခြင်းကြောင့် မြို့နယ်အတွင်း စပါး၊ ပဲနှင့် နှမ်း စိုက်ခင်းများ ရေဝင်နစ်မြုပ်ခဲ့ကာ တောင်သူစိုက်ခင်းများ ဆုံးရှုံးနစ်နာခဲ့ကြောင်း တောင်သူများထံမှ သိရှိရသည်။
Oct 31,2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းဌေးနှင့် တာဝန်ရှိသူများသည် ယမန်နေ့ညနေ ၄ နာရီခွဲအချိန်က နောင်ချို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမသို့ ရောက်ရှိကာ နောင်ချိုမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား တွေ့ဆုံခဲ့ကြောင်း သိရသည်။
Oct 31,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှ ရန်ကုန်မြို့သို့ ကိုဗစ်-၁၉ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကူညီနိုင်ရန်အတွက် သွားရောက်ကူညီမည့် ကြက်ခြေနီတပ်ဖွဲ့ဝင်(၂)ဦးအား ချီးကျူးဂုဏ်ပြုခြင်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။