အမြို့မြို့အနယ်နယ်သတင်းများ

Nov 01,2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးလှတင့်သည် တိုင်းဒေသကြီး/ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ်အတွင်းရှိ မဲရုံများအား မဲဆန္ဒရှင်ပြည်သူများ အခက်အခဲမရှိ အဆင်ပြေစွာ မဲပေးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
Nov 01,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့၊ သနန်ကျေးရွာအနီးရှိ ဆားချောင်းတံတားသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့ နံနက် ၆ နာရီခန့်တွင် ကမ်းကပ်မြေရေတိုက်စားပြီး ချဉ်းကပ်လမ်းပြိုကျမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
Nov 01,2020
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်တွင် အသက်(၆၀)နှစ်အထက် မဲဆန္ဒရှင် သက်ကြီးရွယ်အိုများ ကြိုတင်ဆန္ဒမဲ ပေးအပ်နေမှု အခြေအနေများကို ယမန်နေ့ နေ့လယ်ပိုင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ်နှင့်အတူ ပြည်နယ်/ ခရိုင်/ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များလိုက်ပါ၍ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Nov 01,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်၊ နယ်မြေ (၁၁) ဆရာစံလမ်းရှိအမှတ် (၇/၁၅၇) ၊အလျား (၃၀) ပေ၊ အနံ (၄၀) ပေ အုတ်ကာ၊ သွပ်မိုး နေအိမ်(၁)လုံးသည် ယမန်နေ့ ည(၇)နာရီခွဲ အချိန်ခန့်က ဟင်းချက်လျှပ်စစ်ဒယ်အိုးမှ အပူလွန်ကဲပြီး မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
Oct 31,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုက​ရေစီအ​ထွေ​ထွေ ​ရွေး​ကောက်ပွဲ​အောင်မြင်စွာ ကျင်းပနိုင်​ရေးအတွက် နိုင်ငံခြားကြို တင်မဲလက်မှတ်များအား ပါတီကိုယ်စားလှယ်များ၏​ ရှေ့​မှောက်တွင်​ရေတွက်၍ ကြိုတင်မဲပုံးများအတွင်း ထည့်သွင်း ​ဆောင်ရွက်ခြင်းကို ယနေ့​ နေ့လယ် ၁၁နာရီက မြို့နယ် ​ရွေး​ကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ရုံးခန်းမ ၌ပြုလုပ်ခဲ့သည်။
Oct 31,2020
မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု ခံစားနေရသူများ ယ‌နေ့အထိ (၉၄)ဦးရှိပြီဖြစ်သည်။ ယနေ့ နေ့လယ်၂နာရီအချိန်က ရောဂါပိုးတွေ့ရှိသူများထဲမှ (၃)ဦးသည် မြို့နယ်ခုတင်(၁ဝဝ) ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက်ရှိရာမှ ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှဆင်းခွင့်ရရှိခဲ့သည်။
Oct 31,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြိုနယ်၊ နောင်တရားမြို့၌ Naungtayar Potato Group Co.Ltd မှ တည်ဆောင်လျက်ရှိသည့် တန် ၂၀၀၀ ဆန့် အာလူးအအေးခန်း တည်ဆောက်ရန် အတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသဦးစီးဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် ဒေသဦးစီးအဖွဲ့ဝင်များ၊ နောင်တရားအာလူး အစုအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဆန်းဦးနှင့် အာလူးစိုက်တောင်သူများက ယနေ့နံနက်ပိုင်းတွင် ဥရူတိုင်အား အမွေးနံသာနှင့် မင်္ဂလာရေများပက်ဖျန်း၍ ဆုမွန်ကောင်းတောင်ပြီး စိုက်ထူခဲ့ကြောင်းသိရသည်။
Oct 31,2020
ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးမှုကို အောက်တိုဘာလ ၂၉ ရက်နေ့မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဆန္ဒမဲ လာရောက်ပေးနေမှု အခြေအနေများကို ယမန်နေ့က မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမြလှိုင် မှ လာရောက်ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။