Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအား ကွင်းဆင်းကြည့်…
Oct 31,2020
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ကြိုတင်ဆန္ဒမဲပေးခြင်းနှင့် ပတ်သက်၍ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၏ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအား ယနေ့နံနက်ပိုင်းက စတင်၍ မြို့နယ်အတွင်း ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။
အပြည့်အစုံ ဖတ်ရန်
မလှိုင်မြို့နယ်၌ အသက်(၆၀)နှစ် အထက် အဘိုးအဘွားများ ကြိုတင်ဆန္ဒမဲလာရောက်ပေး
Oct 31,2020
၂ဝ၂ဝပြည့်နှစ် ၊နိုဝင်ဘာ(၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မလှိုင်မြို့ နယ်မှ ဝင်ရောက်အရွေးချယ်ခံမည့် လွှတ်တော်အသီးသီး အတွက် အသက် (၆၀) နှစ် အထက် အဘိုးအဘွားများ ကြိုတင်ဆန္ဒမဲပေခြင်းကို အောက်တိုဘာ (၂၉) ရက်နေ့မှ နိုဝင်ဘာ (၅ )ရက်နေ့အထိ နေ့စဉ် နံနက် (၆) နာရီမှ ညနေ (၄)နာရီအထိ ကြိုတင်မဲများလက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ရေငံကျေးရွာအုပ်စု ၊ ရွှေပေါ်ကျွန်းကျေးရွာ ကော်မရှင်ရုံးတွင် အဘိုးအဘွားများ ကြိုတင်ဆန္ဒမဲများ လာရောက် ပေးခဲ့ကြောင်း သိရသည် ။
အပြည့်အစုံ ဖတ်ရန်
ဒလမြို့နယ်၌ အသက်(၆၀)နှစ်နှင့် အထက် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲ ပေးနေမှု ကြည့်ရှုစစ်ဆေး
Oct 31,2020
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲများကို အောက်တိုဘာလ ၂၉ ရက်နေ့မှ စတင်၍ အသက်(၆၀)နှစ်နှင့် အထက်ရှိသော နေအိမ်များသို့ အိမ်တိုင်ရာ ရောက်စနစ်ဖြင့် ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ပေးနေမှုနှင့် သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဆန္ဒမဲ လာရောက်ပေးနေမှု အခြေအနေများကို ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများက လိုက်လံ၍ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့တွင် ဆင်အကအလှပြိုင်ပွဲမကျင်းပသော်လည်း ဆင်အကဖြင့်ဖျော်ဖြေမှုများရှိ
Oct 31,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် နှစ်စဉ်နှစ်တိုင်းသီတင်းကျွတ်လဆန်း(၁၄)ရက်နေ့ ရောက်ရှိပါက ဆင်အက အလှပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သော်လည်း ယခုနှစ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလဖြစ်သောကြောင့် ဆင်အကအလှ ပြိုင်ပွဲမကျင်းပခဲ့ သော်လည်း ယမန်နေ့ ညနေ ၄နာရီက ဆင်အကဖျော်ဖြေမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြင်းမူမြို့ ပြည်သူ့ဆေးရုံ အထူးကြပ်မတ်ဆောင်တွင် ကျန်းမာရေးစောင့်ရှောက်မှုခံယူလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူ(၁)ဦးဆေးရုံမှဆင်းခွင့်ရရှိ
Oct 30,2020
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ၍ ကျန်းမာရေး စောင့်ရှောက်မှုခံယူ ခဲ့သူတစ်ဦးသည် ကျန်းမာရေးကောင်းမွန်လာသည်ဖြစ်၍ ယနေ့ နံနက်ပိုင်းက ဆေးရုံမှ ဆင့်ခွင့်ရရှိပြီဖြစ်ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပန်ခရိုင်၊ ပန်လုံ၌ အသက်(၆၀)နှစ်နှင့်အထက် ဆန္ဒမဲပေးခွင့်ရှိသူများ စတင်မဲပေး
Oct 30,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် ယနေ့နံနက် ၈ နာရီအချိန်က ရပ်ကွက်/ကျေးရွာကော်မရှိအဖွဲ့ခွဲရုံးများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက် များနှင့်အညီ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးနှင့်ဇနီး မကွေးမြို့တွင် ကြိုတင်ဆန္ဒမဲပေး
Oct 30,2020
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးနှင့် ဇနီးတို့သည် အောက်တိုဘာလ ၃၀ ရက် မနက်ပိုင်းက မကွေးမြို့နယ် မြို့မ၊ အိုးဘိုရပ်ကွက်၊ မဲဆန္ဒနယ် အမှတ်(၁) သန္တိသုခဓမ္မာရုံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကြိုတင်ဆန္ဒမဲ လာရောက်ပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်ခရိုင်အတွင်း မသန်စွမ်းကြိုတင်မဲ ပေးပိုင်ခွင့်ရှိသူ (၃၀၄၉)ဦးရှိ
Oct 30,2020
ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မသန်စွမ်းမဲဆန္ဒရှင်များ အတွက် ကြိုတင်မဲလက်မှတ် ထည့်သွင်းခြင်းကို ယမန်နေ့ နံနက်ပိုင်းကစတင်၍ ပုသိမ်ခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ၌ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28428
Page
28429
Page
28430
Page
28431
Current page
28432
Page
28433
Page
28434
Page
28435
Page
28436
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department