အမြို့မြို့အနယ်နယ်သတင်းများ

Oct 31,2020
ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ တွင် အသက် ၉ နှစ် မှ ၁၀ နှစ် မကျော်သေးသော အမျိုးသမီးငယ်များအား  HPV  သားအိမ်ခေါင်းကင်ဆာ  ရောဂါ ကာကွယ်ဆေး ထိုးနှံရေးအတွက် အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက်က တိုက်နယ်ကျန်းမာရေးဌာနတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 31,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် သီတင်းကျွတ်လပြည့်(အဘိဓမ္မာ အခါတော်)နေ့၌ သီလရှင်(၃၀၁)ပါးအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူ ဒါန်းခြင်းကို ယနေ့နံနက် ၈ နာရီက ဇဝနဒီပရပ်ကွက် ဓမ္မပါလဓမ္မာရုံ၌ ကျင်းပသည်။
Oct 31,2020
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းစဉ်များတွင် တာဝန်ယူဆောင်ရွက်နေသည့် ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများအရေးပေါ် အသုံးပြုနိုင်ရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်အနောက်ပိုင်း ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်များအတွက် ခရီးဆောင် OXYGEN ဗူးများအား မရမ်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ လာရောက်လှူဒါန်းခဲ့သည်။
Oct 31,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ-ထ-က(၇)အလုံနှင့် အ-ထ-က(၄)အလုံ အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာများတွင် အသုံးပြုရန်နှင့်  အသွားအလာ ကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် ယမန်​နေ့က နေ့လယ်စာ ထမင်းဘူး (၁၅၀)ဘူး နှင့် အလှူ​ငွေများ  လာရောက် လှူဒါန်းခဲ့ကြောင်းသိရသည်။
Oct 31,2020
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲများ၌ ကြိုတင် ဆန္ဒမဲပေးခွင့်ရှိသူများ အနေဖြင့်ကြိုတင် ဆန္ဒမဲများ လာရောက်ပေးလျက်ရှိကြောင်း သိရသည်။
Oct 31,2020
စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု အစီအစဉ်ဖြင့် စိုက်ပျိုးထားသည့် မိုးစပါးမျိုးစေ့ ထုတ်စိုက်ကွင်း မျိုးကွဲပယ်ခြင်း ဒုတိယအကြိမ် လက်တွေ့ပြသခြင်းကို ပဲကတိုး ကျေးရွာ တောင်သူ ဦးဇော်မင်း၏ ဆင်းသုခမျိုးစေ့ထုတ် စိုက်ကွင်းတွင် ယမန်နေ့ ညနေပိုင်းက တောင်သူများအား လက်တွေ့သရုပ်ပြသပေးခဲ့ကြကြောင်း သိရသည်။
Oct 31,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အောက်တိုဘာလ ၂၉ ရက်မှစတင်၍ သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများထံတွင်  ကြိုတင်မဲများ စတင်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ရွေးကောက်ပွဲ တာဝန်ထမ်းဆောင်ကြမည့်သူများနှင့် အသက်၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်ပြည်သူများက သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများထံတွင်  ကြိုတင်မဲပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။