Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကလေးမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ(၃)ဦး ကျန်းမာရေးကောင်းမွန်သဖြင့်ဆေးရုံမှဆင်း
Oct 31,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ ခုတင်(၃၀၀)ဆံ့ ဆေးရုံကြီး(တိုင်းရင်းဆေးရုံ)တွင် ဆေးကုသ မှုခံယူနေသည့် ကိုဗစ်-၁၉ အတည်ပြုလူ (၃)ဦးတို့သည် ဆေးရုံဆင်းသတ်မှတ်ချက်များအရ ကျန်းမာရေး ကောင်းမွန်သောကြောင့် ယနေ့နံနက် ၁၀နာရီ မိနစ် ၃၀အချိန်က ဆေးရုံမှဆင်းခွင့်ပြုလိုက် ပြီဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အလှူငွေနှင့် ပစ္စည်းများ ပေးအပ်လှူဒါန်း
Oct 31,2020
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများ မရှိစေရေးအတွက် ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိပြီး ရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်း ဆောင်ရွက်ရန်နှင့် ရောဂါပိုးတွေ့အတည်ပြုလူနာများအတွက် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ အလှူရှင်များက အလှူငွေနှင့်ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ ညနေပိုင်းက ပရပ်ကြယ် ကျေးရွာ Facility Quarantine စင်တာ ရှေ့တွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံခါးမြို့နယ်အတွင်း ရေတိုက်စားမှုကြောင့် ခိုင်ခံ့မှုအားနည်းနေသော တံတားများအား ကွင်းဆင်း စစ်ဆေး
Oct 31,2020
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မိုးရာသီတွင် ရေတိုက်စားမှုကြောင့် ခိုင်ခံမှုအားနည်းနေသည့် တံတားများအား ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေးအတွက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ကျေးလက်လမ်းဦးစီးဌာနတို့မှ တာဝန်ရှိသူများက ယမန်နေ့တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တမူးမြို့တွင် ကားတစ်စီး ဝါယာရှော့ဖြစ်ပြီး မီးလောင်မှုဖြစ်ပွား
Oct 31,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ယမန်နေ့ ညနေ ၅ နာရီခွဲ အချိန်ခန့်က ကားတစ်စီး ဝါယာရှော့ဖြစ်ကာ မီးလောင်မှု ဖြစ်ပွား ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ မြို့ပေါ်(၄)ရပ်ကွက်ရှိ အသက်(၈၀)နှစ်အထက် အဘိုးအဘွားများအား ကိုဗစ်-၁၉ ကာလ ဒါနအလှူအဖြစ် ငွေကျပ်(၃၆)သိန်းဖိုး လှူဒါန်း
Oct 31,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မြို့ပေါ်(၄)ရပ်ကွက်ရှိ အသက်(၈၀)နှစ်အထက် အဘိုးအဘွားများအား သီတင်းကျွတ်အခါသမယ ကိုဗစ်-၁၉ ကာလ ဒါနအလှူအဖြစ် ငွေကျပ်(၁)သောင်းစီ လှူဒါန်းမှုကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က အမှတ်(၁)ရပ်ကွက် မြို့မဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံတားမြို့နယ်တွင် ကြိုတင်ဆန္ဒမဲပေးမှု အခြေအနေများအား တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်နှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခ…
Oct 31,2020
ရန်ကုန် အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အတွက် အသက်(၆၀)နှစ်နှင့် အထက် သက်ကြီးမဲဆန္ဒရှင်များ ကြိုတင် ဆန္ဒမဲပေးမှုကို အောက်တိုဘာလ ၂၉ ရက်နေ့မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ အမှတ်(၅)ရပ်ကွက်နှင့်အမှတ်(၉) ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဆန္ဒမဲ လာရောက်ပေးနေမှု အခြေအနေများကို ယမန်နေ့ နေ့လယ်က တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ တို့က လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်ကော်မြို့နယ် ပြည်သူ့ဆေးရုံကြီး၌ ကုသပေးလျက်ရှိသော ကိုဗစ် - ၁၉ ရောဂါပိုးတွေ့လူနာတစ်ဦးအား ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ပြု
Oct 31,2020
ကယားပြည်နယ်၊ လွိုင်ကော်မြို့၏ ပထမဆုံး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာဖြစ်သည့် ဒေါဥခူရပ်ကွက်မှ အသက်(၃၅)နှစ်အရွယ် အထက်တန်းသူနာပြု ဆရာမတစ်ဦးအား မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ကုသပေးလျက်ရှိပြီး ၎င်း၏ ဓာတ်ခွဲနမူနာများကို သတ်မှတ်ရက်အလိုက်စစ်ဆေးခဲ့ရာ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ (ပိုးမတွေ့) ဖြစ်ကြောင်းနှင့် သတ်မှတ် Quarantine ဝင်ရောက်ရက်စေ့၍ ကျန်းမာရေးကောင်းမွန်သဖြင့် ၎င်းအား ယနေ့နံနက်ပိုင်းတွင် ဆေးရုံမှဆင်းခွင့်ပြုလိုက်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် အသက်(၆၀)နှစ်နှင့် အထက် သက်ကြီးရွယ်အိုများနှင့် ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့်သူများ ကြိုတင်ဆန္ဒမဲပေးခြင်းများ ဆက်လက် ဆောင…
Oct 31,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် အသက်(၆၀)နှစ်နှင့် အထက် သက်ကြီးရွယ်အိုများ၊ ရွေးကောက်ပွဲ တာဝန်ထမ်းဆောင်ရန်အတွက် အမှန်တစ်ကယ် လိုအပ်သူများ၊ ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ ကြိုတင်မဲပေးခြင်းလုပ်ငန်းကို ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ယမန်နေ့ နံနက်မှ စတင်၍ ရပ်ကွက်(၂)ရပ်ကွက်၊ ကျေးရွာအုပ်စု(၄)အုပ်စုရှိ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28426
Page
28427
Page
28428
Page
28429
Current page
28430
Page
28431
Page
28432
Page
28433
Page
28434
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department