အမြို့မြို့အနယ်နယ်သတင်းများ

Oct 29,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် အသက်(၆၀)နှင့် အထက် သက်ကြီးဘိုးဘွား မဲဆန္ဒရှင်များ ကြိုတင် ဆန္ဒမဲပေးခြင်းများကို ယနေ့ နံနက် ၈ နာရီအချိန်က စတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု မဲရုံအသီးသီးတွင် ဆောင်ရွက်ထားရှိရာ မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွား မဲဆန္ဒရှင်များနှင့် နိုင်ငံ့ဝန်ထမ်းများက ကြိုတင်ဆန္ဒမဲများ လာရောက်ပေးလျက်ရှိကြောင်း သိရသည်။
Oct 29,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးများ၌ အသက် ၆၀ နှစ်အထက် မိဘပြည်သူများအား ယနေ့ နံနက် ၈ နာရီမှစ၍ ညနေ ၆ နာရီ အထိကြိုတင် ဆန္ဒမဲပေးနိုင်ကြောင်းသိရသည်။
Oct 29,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲအတွက် အသက်၆၀နှင့် အထက် အသက်ကြီးရွယ်အိုများနှင့်မဲရုံတာဝန်ကျ ဝန်ထမ်းများမှ ကြိုတင်မဲထည့်ခြင်းကို ယနေ့ နံနက် ၆ နာရီ အချိန်က ရပ်ကွက် ၄ခုရှိ မဲရုံအသီးသီး၌ ပြုလုပ်ခဲ့သည်။
Oct 29,2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊ မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ အသက် ၆၀ နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူများ မဲစတင်ပေးခြင်းကို ယနေ့ နံနက် ၈ နာရီက ကျင်းပခဲ့သည်‌။
Oct 29,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်းရှိ အသက်(၆၀)နှစ်အထက်ရှိသည့် မဲဆန္ဒရှင်များ၏ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကြိုတင်မဲများများကို ယနေ့ နံနက် ၉ နာရီ စတင် လက်ခံလျက်ရှိကြောင်း သိရသည်။
Oct 29,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ရန်ကုန် မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်တွင် ကြိုတင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၂၆၃၀၈)ဦးခန့်အား ကြိုတင်ဆန္ဒမဲ ထည့်သွင်းခြင်းကို ယနေ့ နံနက်(၉)နာရီမှစတင်ကာ ဆောင်ရွက်လျက်ရှိသည်။
Oct 29,2020
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် မဲဆန္ဒနယ်အတွင်းတွင် ယနေ့ နံနက်ပိုင်းကစ၍ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲများ စတင်ပေး နေပြီဖြစ်ကြောင်း သိရသည်။
Oct 29,2020
ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့သည် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းစဉ်များအား အလေးထားဆောင်ရွက်လျက်ရှိရာ ယ​နေ့ နံနက် ၁၀:၃၀ အချိန်က တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီး Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအ​ဝေး (၅၁/၂၀၂၀)အား ကျင်းပပြုလုပ်ခဲ့သည်။