အမြို့မြို့အနယ်နယ်သတင်းများ

Oct 29,2020
၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်  ရပ်ကွက်/ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြိုတင်ဆန္ဒမဲများစတင်ပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်မှ စတင်‌ပြုလုပ်လျက်ရှိကြောင်း သိရသည်။
Oct 29,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ယနေ့ နံနက်ပိုင်းတွင် ပေါင်မြို့နယ်အတွင်းရှိ အသက်(၆၀)နှစ်အထက် သက်ကြီးရွယ်အို မဲဆန္ဒရှင်များမှ ကြိုတင် မဲစတင်ပေး လျက်ရှိကြောင်း သိရသည်။
Oct 29,2020
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲ ပေးနိုင်ရန် ယနေ့ နံနက် ၉ နာရီက စတင်ပြီး သက်ဆိုင်ရာ ရပ်ကွက်များနှင့် ကျေးရွာအုပ်စု  ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများမှ တာဝန်ရှိသူများ လိုက်ပါ၍   အသက်(၆၀)နှစ်နှင့် အထက်ရှိသော  နေအိမ်များသို့  အိမ်တိုင်ရာရောက်စနစ် ဖြင့် ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
Oct 29,2020
စစ်ကိုင်းတိုင်း​ဒေသကြီး၊ အရာ​တော်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက် နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အသက်၆၀ နှင့် အထက်မဲဆန္ဒရှင်များအတွက် ကြိုတင်ဆန္ဒမဲ​ပေးခြင်းကို ယနေ့ နံနက် ၈ နာရီမှ စတင်ကာ ရပ်ကွက်/​ကျေးရွာကော်မရှင် အဖွဲ့ ခွဲရုံးများ၌ ဆောင်ရွက်ခဲ့သည်။
Oct 29,2020
မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင် များအတွက် ကြိုတင်မဲလက်မှတ် ထည့်သွင်းခြင်းကို ယနေ့ နံနက် ၈ နာရီက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ဆောင်ရွက်ခဲ့သည်။
Oct 29,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသက် ၆၀ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား ကြိုတင် ဆန္ဒမဲပေးနိုင်ရေး လုပ်ငန်းများကို ယ​နေနံနက် ၉ နာရီမှစတင်၍ ရပ်ကွက်များအတွင်း လိုက်လံဆောင်ရွက်​လျက်ရှိကြောင်း သိရသည်။
Oct 29,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ‌ဒေးဒရဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင်များအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းများကို ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ယနေ့ နံနက် ၈ နာရီက စတင်ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။
Oct 29,2020
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁၁)ရပ်ကွက်အတွင်းရှိ အသက်(၆၀)နှင့်အထက်မဲဆန္ဒရှင်ပြည်သူများ ယနေ့  နံနက်၈နာရီမှစတင်ပြီး ကြိုတင်ဆန္ဒမဲများ လာရောက်ပေးလျက်ရှိကြောင်း အဆိုပါရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးထံက သိရသည်။