အမြို့မြို့အနယ်နယ်သတင်းများ

Nov 04,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရာ၌ လိုက်နာဆောင်ရွက်သင့်သည့်ကိစ္စများကို ပြည်သူများ သိရှိနိုင်ရန်ရည်ရွယ်၍ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က ဆန္ဒမဲပေးရာတွင် သတိပြုလိုက်နာရမည့်အချက်များ အသိပညာပေးနံရံကပ်စာစောင်အား ပြသဆောင်ရွက်သည်။
Nov 04,2020
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့တွင် ၂၀၂၀ ပြည်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများသည် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Quarantine ဝင်ရောက်နေသောကြောင့် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများက Quarantine Centre အသီးသီးသို့ သွားရောက်၍ ကြိုတင်ဆန္ဒမဲများ ကောက်ခံလျက်ရှိကြောင်း သိရသည်။
Nov 04,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ မိုးစပါးများရိတ်သိမ်းချိန်တွင် ယမန်နှစ်ထက် ဈေးကောင်းရရှိသဖြင့် စပါးစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ဇီးကုန်းကျေးရွာ စပါးစိုက်တောင်သူ ဦးဝင်းဇော်ထံမှသိရသည်။
Nov 04,2020
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီနှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရေလည်
Nov 04,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ဟိုမိန်းမြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲရုံအလိုက် တာဝန်ထမ်းဆောင် ကြမည့်သူများနှင့် မဲဆန္ဒရှင်ပြည်သူများအတွက် ကိုဗစ်-၁၉ ‌ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများအား ယနေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ထုတ်ပေးခဲ့ကြောင်း သိရသည်။
Nov 04,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်အတွင်းရှိ မြန်မာနိုင်ငံစာရေး ဆရာအသင်း (ရေကြည်မြို့နယ်) အသင်းဝင်စာရေးဆရာများ စုပေါင်းစီစဉ်မှုဖြင့် ယနေ့နံနက်ပိုင်းက ငါးသိုင်းချောင်းမြို့ (အ-ထ-က)ကျောင်းရှိ နေရာကန့်သတ် စောင့်ကြည့်စင်တာတွင် အသုံးပြုနိုင်ရန် PPE ဝတ်စုံ(၁၀)စုံ လှူဒါန်းခြင်းနှင့် အသင်းဝင် စာရေးဆရာ မျိုးဟန်(မြန်မာစာ)က ကိုဗစ်-၁၉‌ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေ(၂၀၀၀ဝိ/)ကျပ်ကို အဆိုပါ နေရာကန့်သတ် စောင့်ကြည့်စင်တာတွင် ပေးအပ်လှူဒါန်းခဲ့ရာ မြို့ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီတာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
Nov 04,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေပေးအပ် လှူဒါန်းခြင်းကို ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံးဧည့်ခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီ ခေတ္တဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးတင်ထွန်း၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
Nov 04,2020
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ ဂါ့မိုးမြတ်မြတ်သူသည် ကျုံပျော် မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေများကို ယမန်နေ့က လှူဒါန်းခဲ့ကြောင်း သိရသည်။