အမြို့မြို့အနယ်နယ်သတင်းများ

Oct 29,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ ကြိုတင် ဆန္ဒမဲများကို တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများရှိ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံး မဲရုံများတွင် ယနေ့နံနက်ပိုင်းမှစတင်၍ မြို့နေ ကြိုတင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်များ လာရောက်မဲပေးလျက်ရှိကြောင်း သိရသည်။
Oct 29,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအား လုပ်ငန်းနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၀) နာရီက မြို့နယ်ပြည်သူ့ဝန်ဆောင်မှုရုံး(OSS) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြသည်။
Oct 29,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ လုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၈)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 29,2020
ပဲခူးတိုင်းဒေသကြီး၊     ပဲခူးခရိုင်၊     ကဝမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ကဝမြို့ ငါးထပ်ကြီးဘုရားရင်ပြင်၌ ကျင်းပခဲ့သည်။
Oct 29,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်နှင့်ကျေးရွာများ၌ မဲရုံပေါင်း ၈၁ ရုံဆောင်ရွက်ထားပြီး မဲပေးပိုင်ခွင့်ရှိသူ (၉၆၆၂၄ ဦး) ရှိရာ   မဲဆန္ဒရှင်ပြည်သူများ ကြိုတင်မဲဆန္ဒပြုခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က လွိုင်လင်မြို့ပေါ်  ရပ်ကွက်(၄)ခုရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးကျန်းမာရေး ညွှန်ကြားချက် များနှင့်အညီ စနစ်တကျ စတင်ဆောင်ရွက်ခဲ့ကြသည်။
Oct 29,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး  ကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယ မဲရုံမှူး များကို မဲရုံလုပ်ငန်းဆိုင်ရာ သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီခန့်က  အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ  ဦးသန်းတင် က အဖွင့်အမှာ စကားပြောကြား၍ သင်တန်းဖွင့်လှစ်ပို့ချရခြင်းကို ရှင်းလင်းပြောကြားခဲ့သည်။
Oct 29,2020
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်အတွင်းရှိ အသက်(၆၀)နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲပေးနိုင်သည့် မဲဆန္ဒရှင် ပြည်သူ များသည် ယနေ့နံနက်ပိုင်းမှ စတင်ကာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်မဲများ လာရောက် ပေး လျက်ရှိကြောင်းသိရသည်။
Oct 29,2020
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့်နိုင်ငံရေးပါတီများ စည်းရုံးရေးကာလတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားသော ညွှန်ကြားချက်များ လိုက်နာဆောင်ရွက်ရေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင်ပြုလုပ်ခဲ့သည်။