Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်(၆၀) နှစ်နှင့်အထက် သက်ကြီးရွယ်အို ကြိုတင် ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်
Oct 29,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ(၈) ရက်နေ့တွင် ကျင်းပ မည်ဖြစ်ရာ အသက်(၆၀) နှစ်နှင့်အထက် သက်ကြီးရွယ်အိုများနှင့် နာမကျန်းသူများ လွယ်လင့်တကူ ဆန္ဒမဲပေးနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့၏ လမ်းညွှန်မှုအရ ယနေ့ နံနက် (၆)နာရီအချိန်မှ စတင်၍ ကြိုတင် ဆန္ဒမဲပေးနိုင်ရေးအတွက် သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ရပ်ကွက် (၃၈)ရပ်ကွက်တွင် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတို့က ကြိုတင်ဆန္ဒမဲများကို လိုက်လံကောက်ယူလျက်ရှိရာ အသက်(၆၀)နှစ်နှင့် အထက် သက်ကြီးရွယ်အိုများနှင့် နာမကျန်းသူတို့က ကြိုတင်ဆန္ဒမဲများပေးလျက်ရှိကြရာမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်တို့က လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် ကြိုတင်ဆန္ဒမဲများ စတင်ပေး
Oct 29,2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ် အတွင်းရှိနေသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မဲရုံသို့ ကိုယ်တိုင်လာရောက်၍ ဆန္ဒမဲ မပေးနိုင်သူများ ကြိုတင် ဆန္ဒမဲပေးခြင်းကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယနေ့ နံနက်ပိုင်းမှ စတင်၍ ကြိုတင် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူများ လာရောက်မဲပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ အသက်(၆၀)နှစ်နှင့် အထက်ဘိုးဘွားများနှင့် ရွေးကောက်ပွဲနေ့တွင် တာဝန်ထမ်းဆောင်မည့်သူများ ကြိုတင်ဆန္ဒမဲပေး
Oct 29,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် အသက်(၆၀)နှစ်အထက်ဘိုးဘွားများနှင့် ရွေးကောက်ပွဲနေ့တွင် တာဝန်ထမ်းဆောင်မည့်သူများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ယနေ့ နံနက် ၈ နာရီမှစတင်၍ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ ကော်မရှင်မဖွဲ့ခွဲရုံးများ၌ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်အတွင်းရှိ ကျေးရွာ(၂၉)ရွာ၌ တစ်အိမ်ထောင်သုံး ဆိုလာမီးလင်းရေး ဆောင်ရွက်ပေးမည်
Oct 29,2020
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေးဒေသ၊ လဟယ်မြို့နယ် အတွင်းရှိ ကျေးရွာ (၂၉)ရွာ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် တစ်အိမ်ထောင်သုံး ဆိုလာမီးလင်းရေး လုပ်ဆောင်ပေးသွားရန် စီစဉ်လျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းကျော်မျိုး ၏ ပြောကြားချက်အရ သိရသည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်လင်ခရိုင်၊ နမ့်စန်တွင် ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲအသီးသီး၌ ကြိုတင်မဲပုံးများ လုံခြုံရေးကြိုး တပ်ဆင်ပိတ်၍ ကြိုတင်မဲပေးခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်
Oct 29,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများက နိုင်ငံရေး ပါတီကိုယ်စားလှယ်များရှေ့တွင် ကြိုတင် ဆန္ဒမဲပုံးများ အလွတ်ဖြစ်ကြောင်းပြသပြီး လုံခြုံရေးကြိုးတပ်ဆင်ပိတ်ခြင်းကို ယနေ့နံနက်၁၀ နာရီက သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် သတ်မှတ်နေရာများတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒက္ခိဏခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Oct 29,2020
ဒက္ခိဏခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၏ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့ နံနက် (၁၀)နာရီတွင် ဒက္ခိဏခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် ကျေးရွာတွင်းကွန်ကရစ်လမ်းများအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီမှု ရှိ/မရှိ စစ်ဆေး
Oct 29,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မြို့ပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာများတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်မတည်ငွေ ကျပ်သိန်း(၃၀၀) ထုတ်ချေးပေးပြီး ရရှိလာသောအတိုးနှုန်း၏ (၅၀)ရာခိုင်နှုန်းဖြင့် လိုအပ်သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ယနေ့နံနက်(၁၀)နာရီက မြစိမ်းရောင် အတိုးရငွေ (၅၀)ရာနှုန်းနှင့် ပြည်သူထည့်ဝင်ငွေများစုပေါင်း၍ ဆောင်ရွက်ခဲ့သည့် ကျေးရွာတွင်းကွန်ကရစ်လမ်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေး ပြည့်မီရေး ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးမျိုးမင်းကြီးကြပ်သည့်အဖွဲ့နှင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ထိုက်ထိုက်စိုးနှင့်တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၆၀)နှစ်ပြည့်ပြီးသူမဲဆန္ဒရှင်များ နှင့်နိုင်ငံ့ဝန်ထမ်းများ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုမဲရုံအသီးသီးတ…
Oct 29,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်တောင်းမြို့နယ်တွင် အသက်(၆၀)နှစ်ပြည့်ပြီး သူမဲဆန္ဒရှင်များ၊ ကော်မရှင် တာဝန်နှင့် မဲရုံတာဝန် ထမ်းဆောင်ကြမည့် နိုင်ငံဝန်ထမ်းများကြိုတင်ဆန္ဒမဲပေးခြင်းကို၊ ယနေ့နံနက် (၈)နာရီကစတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု မဲရုံအသီးသီးတွင် ဆောင်ရွက်ထားရှိပြီး၊ ကြိုတင်ဆန္ဒမဲများ လာရောက်ပေးလျက်ရှိကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28442
Page
28443
Page
28444
Page
28445
Current page
28446
Page
28447
Page
28448
Page
28449
Page
28450
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department