အမြို့မြို့အနယ်နယ်သတင်းများ

Oct 27,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ တောင်ရပ်ကွက်၊ နယ်မြေ (၅)နေ ယာဉ်မောင်းလုပ်ကိုင်သူတစ်ဦးသည် ဟိုပုံးမြို့မှ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီ လိတ်မြို့သို့ ကုန်စိမ်းများတင်ဆောင်သည့်ကားအား မောင်းနှင်ပြီး ၎င်းနှင့်အတူ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာအုပ်စု၊ ကျောင်းနားကျေးရွာနေ ယာဉ်နောက်လိုက်အဖြစ်လိုက်ပါသူတို့သည် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့သို့ ယမန်နေ့ ည(၆)နာရီ အချိန်တွင် ရောက်ရှိခဲ့ပြီး မိုင်းပျဉ်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ၎င်းတို့ ၂ ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit RN-RDTESSMP ဖြင့် စစ်ဆေးခဲ့ရာ ယာဉ်နောက်လိုက်အဖြစ်လိုက်ပါသူတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သဖြင့် မိုင်းပျဉ်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရသည်။
Oct 27,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပုံးများအား လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်ခြင်းကို ယမန်နေ့က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ သည်။
Oct 27,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့၊ မြို့မဈေးအတွင်းရှိ စျေးရောင်း/ဝယ်သူများတွင် Mask များတပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 27,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်အတွင်း အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ရပ်/ကျေးကော်မရှင်အတွင်းရေးမှူးများအား မဲရုံဆိုင်ရာသင်တန်း ပို့ချခြင်းနှင့် ဆန္ဒမဲပေးပုံ အဆင့်ဆင့်သရုပ်ပြခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ကျင်းပသည်။
Oct 27,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 27,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် မဲရုံများတွင် အသုံးပြုမည့် မဲရုံသုံးပစ္စည်းများကို ယမန်နေ့ ညနေပိုင်းက အမှတ်(၂၆)အခြေခံပညာ မူလတန်းကျောင်း၌ စနစ်တကျ ထုတ်ပေးခဲ့ကြောင်း သိရှိရသည်။
Oct 27,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစဉ် Stay at Home ကာလအတွင်း သံဃာတော်များ၊ သီလရှင်များ ဆွမ်းကိစ္စအဆင်ပြေစေရန် ယမန်နေ့၊ နေ့လယ် ၁နာရီ အချိန်တွင် ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်းသို့ ဆန်၊ ဆီနှင့် အခြားစားသောက်ကုန်များအား သွားရောက် ကပ်လှူခဲ့ကြောင်း သိရသည်။
Oct 27,2020
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံများ၌ တာဝန်ထမ်းဆောင်မည့် အထူးရဲ ၂၂၀ ဦးအား ယမန်နေ့နံနက်ပိုင်းက ရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်း ဖွင့်လှစ်သည့် မြို့နယ်အခြေခံပညာ အထက်တန်းကျောင်းတွင် RDT Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။