အမြို့မြို့အနယ်နယ်သတင်းများ

Oct 27,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ ပုလဲရတနာခန်းမ၌ယနေ့ နံနက် ၉ နာရီက၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်များ ထည့်မည့် ကြိုတင် ဆန္ဒမဲပုံးများကို အလွတ်ဖြစ်ကြောင်း ပြသပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ကိုယ်စားလှယ် များရှေ့တွင် လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်တပ်ဆင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
Oct 27,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် Community Based Facility Quarantine Center ရှိ အသွားအလာကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ အတွက် ယနေ့ နံနက်ပိုင်းက အမှတ်(၈) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်လှမှ နံနက်စာ အာဟာရဒါန အဖြစ် ထမင်းကြော်နှင့် လက်ဘက်ရည်ဘူးများ လာရောက်လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။
Oct 27,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့ဝင်၊ မြို့ထွက်ဂိတ်များတွင် နေ့စဉ်အရှိန်အဟုန်မပြတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Oct 27,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့ စိုက်ပျိုးရေးဦးစီးဌာနနှင့် လယ်ယာမြေ စီမံခန့်ခွဲရေး နှင့်စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်း၍ ကျောက်ဂူကျေးရွာ တောင်သူ ဦးမိုး၏ စိုက်ပျိုးထားသည့် တောင်ယာစိုက်ခင်း (ကောက်ရင်ဖြူစပါးမျိုး) မိုးစပါး စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့နေ့လယ် ၁၂ နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
Oct 27,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများက ကြိုတင်ဆန္ဒမဲပေးနိုင်ရန် ဆန္ဒမဲလက်မှတ်များကို မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများထံသို့ ထုတ်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီကလပွတ္တာမြို့နယ် ရဲစခန်းအတွင်ရှိ အစည်းအဝေးခန်းမတွင် ထုတ်ပေးခဲ့ကြောင်း သိရသည်။
Oct 27,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ကျေးရွာ(၃၀)မှ လက်ရှိသောက်သုံးနေသော သောက်ရေတွင်းများ၌ ဝမ်းပျက်၊ ဝမ်းလျောဖြစ်စေတတ်သော ဘက်တီးရီးယားရောဂါပိုးပါဝင်ခြင်းရှိမရှိ စမ်းသပ်စစ်ဆေးခြင်းကို ယမန်နေ့က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် စမ်းသပ်စစ်ဆေးခဲ့ကြောင်းသိရပါသည်။
Oct 27,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင် ရေးအတွက် လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးကို မရမ်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Oct 27,2020
သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးမှုးရုံးမှဝန်ထမ်းများကခေါဇာမြို့၊ ကိုးမိုင်‌ကျေးရွာသို့ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ သည်။