အမြို့မြို့အနယ်နယ်သတင်းများ

Oct 27,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းမြို့နယ်၌ ၂၀၂၀ပြည့်နှစ် ပါတီဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အသုံးပြုမည့် ဆန္ဒမဲလက်မှတ်များ ပြည့်စုံမှန်ကန်မှု ရှိစေရေးနှင့်မဲရုံသုံး ပစ္စည်းများပြည်စုံ‌ရေးအတွက် စစ်ဆေးဆောင်ရွက်ခြင်းကို အောက်တိုဘာလ(၂၄)ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ မိုင်းယန်းမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးခန်းမ၌ ဖွင့်ဖောက်စစ်ဆေးမှုကို စနစ်တကျ ဆောင်ရွက်ခဲ့ကြ‌ကြောင်း သိရသည်။
Oct 27,2020
နိုဝင်ဘာ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်၌ ဖွင့်လှစ်ထားရှိမည့် မဲရုံများတွင် အသုံးပြုရန် အတွက် မဲရုံသုံးပစ္စည်းများနှင့် ကြိုတင်ဆန္ဒမဲလက်မှတ်များကို မြို့နယ်အထွေထွေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများသို့ ယနေ့ နံနက် ၉ နာရီတွင် စတင်ထုတ် ပေးလျက်ရှိသည်။
Oct 27,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြု လူနာ (၅)ဦး ကျန်းမာရေးကောင်မွန်၍ (အောက်တိုဘာ ၂၇ ရက်) ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်က ပြောသည်။
Oct 27,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲဆိုင်ရာများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီ အချိန်ခန့်က မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရွှေသီ လာ ရတနာ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Oct 27,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်−၁၉ကာလ စီးပွားရေးကုစားမှု (COVID-19 Economic Relief Plan) အရ ဆောင်ရွက်သောမိုးစပါး(RS-CS) မျိုးစေ့ထုတ် စိုက်ခင်းများ၊ ခေါင်နှံစိုက်ခင်းများ၊ မိုးစပါးပျိုးသက်နုကောက်ကွက်ကြဲ(SRI)စိုက်ပျိုးနည်းစနစ် စိုက်ခင်းများ၊ မျိုး(၄)မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် စိုက်ခင်းများရှိ ဘော်ကြိုကျေးရွာအုပ်စု ဆားတွင်းကျေးရွာနှင့် မန်ဟဲ ကျေးရွာအုပ်စု နားခဲကျေးရွာတို့တွင် ယနေ့ နံနက်ပိုင်းက ခရိုင်မျိုးစေ့တာဝန်ခံ၊ ခရိုင်ပိုးမွှားတာဝန်ခံနှင့် မြို့နယ်ဦးစီးမှူးတို့က မျိုးကွဲပယ်ခြင်း၊ ပေါင်းမြက်နုတ်ခြင်း၊ပိုးမွှားကျရောက်မှု ရှိ/မရှိ သရုပ်ပြခြင်းများနှင့် တောင်သူ အသိပညာပေးလုပ်ငန်းများကို ဒုတိယအကြိမ်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
Oct 27,2020
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ၊နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်မတည်ရန်ပုံငွေစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ( VDP ) ဆောင်ရွက် နိုင်ရန်အတွက် စံသတ်မှတ်ချက်များနှင့်ကိုက်ညီသော ကျေးရွာရွေးချယ်ခြင်းကို ယနေ့နံနက် ( ၉ )နာရီအချိန် ခန့်က ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 27,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ၂ဝ၂ဝ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေ စီအထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁ဝ နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။