Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်ရှိ အသွားအလာ ကန့်သတ်ထားသည့် အိမ်ထောင်စုများအား (SMC-19) အဖွဲ့မှ စားသောက်ကုန်ပစ္စည်းများနှင့် ထောက်ပံ့ပစ္စည်းများပေးအ…
Oct 27,2020
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်ရှိ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှုများ ကြောင့် အသွားအလာ ကန့်သတ်ထားသည့် အိမ်ထောင်စုများအား Save Mandalay From Covid-19 (SMC-19) အဖွဲ့မှ စားသောက်ကုန်ပစ္စည်းများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါရပ်ကွက်ရှိ အသွားအလာကန့်သတ်ထားသည့် နေရာတွင် ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့၌ မဲရုံမှူး ၊ ဒုတိယမဲရုံမှူးများ ရွေးကောက်ပွဲဆိုင်ရာ သင်တန်း ဖွင့်လှစ်
Oct 27,2020
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံမှူး၊ ဒုမဲရုံမှူးများအတွက် ရွေး ကောက်ပွဲဆိုင်ရာသင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် (၉)နာရီအချိန်ခန့်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပန်၌ CERP အစီအစဉ်အရ စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းအတွင်း မျိုးကွဲပါဝင်မှု၊ အထွက်နှုန်းနှင့်ပိုးမွှားကျရောက်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Oct 27,2020
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းတွင် မျိုးကွဲပါဝင်မှု၊ အနှံပါအပင်ပွားနှင့် ပိုးမွှားရောဂါကျရောက်မှုရှိ/မရှိ တတိယအကြိမ်စစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့တာဝန်ခံ ဦးမြင့်ဆွေ၊ ပိုးမွှားတာဝန်ခံ ဒေါ်သော်တာထွန်း၊ မြို့နယ်ဦးစီးမှူးဦးချိုလေးနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ (၇) ဦး ထပ်မံ တွေ့ရှိ
Oct 27,2020
မကွေးတိုင်းဒေသကြီး ၊မြို့သစ်မြို့နယ်အတွင်းရှိ CBFQများတွင်ထားရှိသည့် ရန်ကုန်မှ ပြန်လာသူ(၁၀) ဦးအား (၂၃ - ၁၀ -၂၀၂၀ )ရက်နေ့က နှာခေါင်းနှင့်အာခေါင်တို့ဖတ်ရယူ၍ မကွေးတိုင်းဒေသကြီး ၊ ပြည်သူ့ဆေးရုံကြီးသို့ ပေးပို့စစ်ဆေးခဲ့ရာ(၇)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဉီးလွင်မြို့နယ်အတွင်းရှိ ပရဟိတကျောင်းများမှ (၁၀) နှစ်အောက် ကလေးငယ်များကို အဟာရ ဖြည့်စွက်အစားအစာအဖြစ် အပတ်စဉ် နို့တိုက်ကြွေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက…
Oct 27,2020
မန္တလေးတိုင်းဒေသကြီး၊ တိုင်းအမျိုးသမီးကော်မတီအဖွဲ့၏ ဦးဆောင်မှုဖြင့် ပရဟိတကျောင်းများမှ (၁၀) နှစ်အောက်ကလေးငယ်များကို အဟာရဖြည့်စွက် အစားအစာအဖြစ် အပတ်စဉ် နို့တိုက်ကြွေးခြင်း လုပ်ငန်းများကို ယနေ့နံနက် (၈) နာရီအချိန်က ပြင်ဉီးလွင်မြို့နယ်အတွင်းရှိ ပရဟိတကျောင်း များသို့ အမျိုးသမီး ကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ သွားရောက်ပြီး ဆက်လက်နို့တိုက်ကျွေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကွမ်းလုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများ ထုတ်ပေး
Oct 27,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ထံသို့ မဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ထုတ်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇလွန်မြို့၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ်များအတွက် ကယ်ဆယ်ရေး ရန်ပုံငွေ ထောက်ပံ့ပေးအပ်
Oct 27,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စုဝင်များအတွက် ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကယ်ဆယ်ရေးရန်ပုံငွေ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
ငါ့သရောက်မြို့၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချ
Oct 27,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့၌ လာမည့်နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါဒီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး/ဒုမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဆင့်ပွားသင်တန်း ပို့ချခြင်းကို ယနေ့နံနက် ၉ နာရီက အ.ထ.က(ငါ့သရောက်)၊ အ.ထ.က(ခွဲ) ဆည်နှင့် အ.ထ.က(ခွဲ) ဖလန်ကန်ကျောင်းတို့ တွင် ဖွင့်လှစ်ပို့ချခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28470
Page
28471
Page
28472
Page
28473
Current page
28474
Page
28475
Page
28476
Page
28477
Page
28478
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department