အမြို့မြို့အနယ်နယ်သတင်းများ

Oct 26,2020
တနင်္ဿာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် စည်ပင်သာယာစျေး၊ ပျံကျစျေးများ၌ ကိုဗစ်−၁၉ ကာလအတွင်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၇ နာရီက ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း သိရသည်။
Oct 26,2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ယနေ့ နံနက်(၉)နာရီအချိန်က ဖျားနာကုဆေးခန်း(Fever Clinic)ကို မိုးညှင်းခရိုင် ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံဝင်းအတွင်းတွင် မနောချိုစုကြေးအဖွဲ့၏ ထည့်ဝင်လှူဒါန်းငွေဖြင့် ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 26,2020
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ‌ အထွေထွေရွေးကောက်ပွဲတွင် မဲရုံမှူး၊ ဒုမဲရုံမှူးများ ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်လှစ်ခြင်းကို အောက်တိုဘာ ၂၅ ရက်နေ့  နံနက် ၉:၃၀ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ပို့ချခဲ့သည်။
Oct 26,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ မြို့မဈေး၌ လွိုင်လင်မြို့နယ် စည်ပင်သာယာ ရေး ကော်မတီနှင့် ဌာနမှတာဝန်ရှိသူများက ပင်လုံမြို့မဈေးအတွင်း ဈေးရောင်းချသူများ၊ ဈေးဝယ်သူပြည်သူ များအား ယနေ့ နံနက်ပိုင်းက နှာခေါင်းစည်း Mask တပ်ဆင်ခြင်းမရှိသူများကို အရေး ယူမှု စတင်ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
Oct 26,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ စိုက်ပျိုးထားသော ရွှေရင်အေး စပါးမျိုးစေ့ထုတ်စိုက်ခင်းသို့ အထွက်နှုန်းမှန်ကန်ရေးအတွက် စံကွက် ရိတ်သိမ်းနိုင်ရန် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်ခန့်က သွားရောက်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 26,2020
စစ်ကိုင်းတိုင်းဒေသကြီး ကိုင်းကျေးရွာအုပ်စု ဇီးဒေါင့်ကျေးရွာတွင် ချင်းတွင်းမြစ်ရေ တိုက်စား မှုကြောင့် မြစ်ကမ်းပြိုကျ၍ လူနေအိမ် နှစ်လုံးအား ယနေ့ နံနက် ၁၀ နာရီက ပြောင်းရွှေ့ခဲ့သည်။
Oct 26,2020
ရှမ်းပြည်နယ်(အရှေုပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အမှတ်(၃)ရပ်ကွက်မှ ဦးနန်ပျဲန်း မိသားစု က သောက်ရေသန့်နှင့် မုန့်များကို ယမန်နေ့တွင် မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက်လှူဒါန်းသည်။
Oct 26,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင် ခရိုင်၊ မိုင်းရှူးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ရောဂါ ကူးစက်ပြန့်နှံ့မှုမရှိစေရေးအတွက် အိမ်အပြင်ထွက်လျင် နှာခေါင်းစည်း (Mask) မဖြစ်မနေ တပ်ဆင် ရေး အသိပညာပေးခြင်း လုပ်ငန်းများကို ရပ်ကွက်/ကျေးရွာအလိုက် စဉ်ဆက် မပြတ် ဆောင်ရွက် လျက် ရှိကြောင်းသိရသည်။