အမြို့မြို့အနယ်နယ်သတင်းများ

Oct 26,2020
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့ စိုက်ပျိုးရေးဦးစီးဌာနနှင့် တာဝန်ရှိသူတို့ ပူးပေါင်း၍ တောင်သူ ဦးလော်ကောင်းနှင့် ဦးပီနွန်း၏ လယ်ကွက် ကွင်းအမှတ်(၆၅)၌ ဆင်းဧကရီ-၃(အထူးအထွက်တိုး) မိုးစပါး စံကွက်ရိတ်သိမ်းခြင်းကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Oct 26,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် အောက်တိုဘာလ ၂၂ ရက်နေ့မှစတင်၍ မိုးများအဆက် မပြတ်ရွာသွန်းခဲ့ပြီး လမ်းနှင့် တံတားတို့ထိခိုက်ပျက်စီးခြင်း သစ်ပင်သစ်ကိုင်းများ ကျိုးကျခြင်းတို့ဖြစ် ပေါ်ခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
Oct 26,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ကိုဗစ်-၁၉ရောဂါ အသိပညာပေးခြင်းနှင့်  နှာခေါင်းစည်း(Mask) များအခမဲ့ဖြန့် ဝေခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက ဘောဂလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍  ဆောင်ရွက်ခဲ့‌ကြောင်း သိရှိရသည်။
Oct 26,2020
ကိုဗစ်−၁၉ ကာကွယ်ထန်းချုပ်စဉ် ကာလအတွင်း ပြည်သူများစားဝတ်နေရေး အစဉ်ပြေစေရေး အတွက် We Love Sanchaung ပရဟိတအဖွဲ့သည် အနယ်နယ်အရပ်ရပ်မှ လှူဒါန်းပေး လျက်ရှိသော အလှူရှင်များ
Oct 26,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန်၊ မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်နှင့် ရေမြောင်းများ အတွင်း အမှိုက်များ ပိတ်ဆို့မှု မရှိစေရန် ရည်ရွယ်၍ ရေစီးရေလာ ကောင်းမွန်ရေးကို ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 26,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ကမ္ဘောဇဘဏ်လီမီတက်(မြစ်သားဘဏ်ခွဲ)မှ ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် အထောက်အကူပြုပစ္စည်းများကို ယမန်နေ့က လာရောက်လှူဒါန်းခဲ့သည်။