အမြို့မြို့အနယ်နယ်သတင်းများ

Oct 26,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ကျောက်ဖြူကြီး ကျေးရွာအုပ်စု ကျောက်ဖြူကြီးကျေးရွာ မူလွန်စာသင်ကျောင်းရှေ့ ကွင်းပြင်တွင် ကျေးရွာလူထု လုပ်အားဖြင့် ကိုယ်ထူကိုယ်ထ တမံတလင်းခင်းခြင်း လုပ်ငန်းကို ယမန်နေ့က ဆောင်ရွက်ပြီးစီး သွားပြီ ဖြစ်ကြောင်း သိရသည်။
Oct 26,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ တွင် အသုံးပြုမည့် မဲရုံများ မီးဘေးလုံခြုံရေးနှင့် မီးရရှိရေးအတွက် ယမန်နေ့ က မြို့နယ် လျှပ်စစ် အင်ဂျင်နီယာ ဦးဇင်မင်းဝင်း၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးကျော်သူခနှင့် မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး ဆောင်ရွက်ခဲ့သည်။
Oct 26,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ မီးဘေးအန္တရာယ် ကင်းရှင်းစွာ ဆန္ဒမဲပေးနိုင်ရန်နှင့် မဲရုံများ မီးဘေးအန္တရာယ်ကင်းဝေးစေရန် အတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊
Oct 26,2020
ကျောက်မဲခရိုင် ၊ နောင်ချိုမြို့၊ ပါဟတ်ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအား ဦးစိုးလွင်+ဒေါ်အေးမွန်(ရွှေဆိုင်) မိသားစုက ယမန်နေ့ ၉နာရီအချိန်က ပါဟတ်ရပ်ကွက်ဓမ္မာရုံ၌ အခြေခံစားကုန် ဖြစ်သော ဆန်များထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
Oct 26,2020
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ အောက်တိုဘာ ၂၅ ရက်ညပိုင်း သတင်းထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ ၉ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း သတင်းမှန်ပြန်ကြားရေးဆပ်ကော်မတီမှ အတည်ပြုထုတ်ပြန်ခဲ့သည်။
Oct 26,2020
တာချီလိတ်မြို့ ရှမ်းရိုးမကွင်းရှေ့ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ရေနုတ်မြောင်းတွင် အမှိုက်များပိတ်ဆို့ပြီး ရေစီးရေလာရပ်တန့်ကာ အနံ့အသက်ဆိုးများ ထွက်ပေါ်လျက်ရှိသဖြင့် မြို့နယ်စည်ပင်သာယာရေးဌာနမှ ယနေ့နံနက် ၈ နာရီအချိန်တွင် အမှိုက်များ၊ နှုံးများ ရှင်းလင်းဖယ်ရှား လျက်ရှိကြောင်း သိရသည်။
Oct 26,2020
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်အတွင်းရှိ အကွက်(၄၁၅/S1)တွင် ကိုဗစ်- ၁၉ရောဂါပိုး တွေ့ရှိသည့် လူနာများများပြားလာသဖြင့် ယမန်နေ့ ညနေ၅နာရီမှစ၍ Semi-Lockdown ချထားလိုက်ကြောင်း သိရသည်။ Semi-Lockdown ချထားခြင်းကို အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ ၁၁ လမ်းနှင့် ၁၂ လမ်းကြား၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြားရှိ အကွက် (၄၁၅/S1)တွင်နေထိုင်ကြသည့် အိမ်ထောင်စု (၁၃၃) စု၊ လူဦးရေ စုစုပေါင်း (၄၉၀) ဦးတို့အား ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမှကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် Semi-Lockdown ချထားပြီး အသွားအလာများ ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။