Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သိန္နီမြို့နယ်၌ အထွေထွေရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ မဲပုံးနှင့် မဲရုံသုံးပစ္စည်းများထုတ်ပေး
Oct 25,2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ယနေ့ နံနက်(၁၁)နာရီ အချိန်ခန့် က ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြု ရန်အတွက် မဲရုံးသုံးပစ္စည်းများကို ရပ်ကွက်/ ကျေးရွာ အုပ်စုများရှိ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများသို့ စတင်ထုတ်ပေးနေကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မလှိုင်မြို့၌ ၂ဝ၂ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ
Oct 25,2020
၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲနှင့် ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်း ရေးမှူးများ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းဝေးပွဲကို မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြိုနယ်တွင် မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများအား မျိုးကွဲနုတ်ပယ်ခြင်း၊ ပိုးမွှား ကျရောက်မှု ကင်းထောက်ခြင်းနှင့် အသိပညာပေးဆောင်ရွက်
Oct 25,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ စိုက်ပျိုးသော မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများအား မျိုးကွဲနုတ်ပယ်ခြင်း၊ ပိုးမွှားကျရောက်မှု ကင်းထောက်ခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့ နံနက်(၈)နာရီက မြို့မနည်းပညာ ပြန့်ပွားရေးစင်တာအတွင်းရှိ မကျည်းအင်း၊ လွှတ်တိုက် နှင့် ရှမ်းစုကျေးရွာ အုပ်စုမှတောင်သူ(၂၂)ဦး၏ စိုက်ဧက(၆၅)ဧက၌ ဆောင်ရွက်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်မြို့နယ်၌ ကြိုတင်ဆန္ဒမဲပေးရန်အတွက် မဲလက်မှတ်၊ မဲပုံးနှင့်ပစ္စည်းများ ထုတ်ပေး
Oct 25,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အတွက် မဲဆန္ဒနယ်မြေများ အတွင်း ကြိုတင်ဆန္ဒမဲပေးနိုင်ရန် မဲလက်မှတ်၊ မဲပုံးနှင့် ဆက်စပ်ပစ္စည်းများ ထုတ်ပေးခြင်းကို အောက်တိုဘာ ၂၄ ရက်နေ့ နံနက် ၈ နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ကာလ အခြေခံလက်လုပ်လက်စား အိမ်ထောင်စုများအား အခြေခံစားသောက်ကုန် ပစ္စည်း(၅)မျိုး လိုက်လံ ထောက်ပံ့ပေးအပ်
Oct 25,2020
ကိုဗစ်-၁၉ Stay at home ကာလ အခြေခံလက်လုပ်လက်စား အိမ်ထောင်စုများ စားသောက် ရေး အဆင်ပြေစေရန် အတွက် ရန်ကုန်အရှေ့ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ် ရပ်ကွက်များ အတွင်းရှိ အခြေခံ လက်လုပ် လက်စား အိမ်ထောင်စု များထံ အခြေခံစားသောက်ကုန်ပစ္စည်း ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် ကြက်သွန်(၅)မျိုးတို့ကို သင်္ဃန်းကျွန်း မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းကော်မတီ နာယကများဖြစ်သော သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်း၊ အမှတ်(၁)တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်တို့ ဦးဆောင်၍ စေတနာရှင်ပြည်သူများ၏ စုပေါင်း လှူဒါန်းငွေများဖြင့် အခြေခံစားသောက်ကုန်များ ဝယ်ယူကာ လိုက်လံ ထောက်ပံ့ပေးအပ်လျက်ရှိ သည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသ ကန့်သတ်စောင့်ကြည့်ရေးစခန်းမှ (၁၄)ရက်ပြည့်မြောက်သူ (၂၅)ဦးအား နေရပ်သို့ ပြန်လည်စေလွှတ်
Oct 25,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုမရှိစေရေးအတွက် လှိုင်းဘွဲမြို့နယ်အတွင်း စီစဉ်ဆောင်ရွက်ထားရှိသော ကန့်သတ်စောင့်ကြည့်ရေး စခန်းများ၌ စောင့်ကြည့်လျက်ရှိရာ မြိုင်ကြီးငူအထူးဒေသ သီတဂူနန်းသီလာမြိုင် ဆေးရုံတွင် ၁၄ ရက် ပြည့် မြောက်၍ အသိအမှတ်ပြု ကတ်ပြားများ ထုတ်ပေးကာ ယမန်နေ့ နံနက်ပိုင်းက မိမိနေအိမ်သို့ ပြန်မည့်သူများ အား ပြန်လည် စေလွှတ်ပေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
သန်လျင်ဆေးရုံကြီး Isolation Ward ပြင်ဆင်ပြီးစီးမှုအား ကြည့်ရှု
Oct 25,2020
ရန်ကုန်တောင်ပိုင်းခရိုင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းအောင်သည် ယမန်နေ့ နံနက်က တာဝန်ရှိသူများနှင့်အတူ သန်လျင်မြို့ ကုတင် ၂၀၀ ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီး၌ ပြင်ဆင်ဆောင်ရွက်လျက်ရှိသော Isolation Word အား ကြည့်ရှုပြီး ကိုဗစ်-၁၉ အတည်ပြုလူနာများ ထားရှိရေး ညှိနှိုင်းဆွေးနွေးသည်။
အပြည့်အစုံ ဖတ်ရန်
ပုဗ္ဗသီရိမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်
Oct 25,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် တာဝန် ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာအသိ ပညာပေးသင်တန်း ဖွင့်လှစ်သင်ကြား ပေးခြင်းကို ယနေ့ နံနက် ၉ နာရီက နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်အခြေခံပညာ အထက်တန်း ကျောင်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28509
Page
28510
Page
28511
Page
28512
Current page
28513
Page
28514
Page
28515
Page
28516
Page
28517
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department