Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မယ်စဲ့မြို့နယ်အတွင်းရှိ ဟိုစဲ့ဘုန်းတော်ကြီးကျောင်း လိုအပ်ချက်များ ပြုပြင်ဆောင်ရွက်နိုင်ရန်နှင့် အလက(ပန်တိန်း) စာသင်ကျောင်း အားကစားကွင်း ဖောက်လုပ်ရန်အတွက် ထောက်…
Oct 25,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရ အဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဟိုစဲ့တောင်တန်းသာသနာပြု ထေရဝါဒဘုန်းတော်ကြီးကျောင်း လိုအပ်ချက်များ ပြုပြင် ဆောင်ရွက်ရန်နှင့် (အလက) ပန်တိန်း စာသင်ကျောင်း အားကစားကွင်း ဖောက်လုပ်ရန်အတွက် ထောက်ပံ့ငွေများကို ယနေ့နံနက် ၉ နာရီက ကျေးရွာများအရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသများ သောက်သုံးရေရရှိရေး ငွေကျပ်(၆၈၈.၈၁၃) သန်း လျာထား လုပ်ဆောင်ပေးသွားမည်
Oct 25,2020
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသများ ရေရရှိရေး လုပ်ငန်းများအတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေမှ ငွေကျပ် (၆၈၈.၈၁၃)သန်းကို လျာထားလုပ်ဆောင် ပေးသွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
စီးပွားဖြစ် ရွှေသပြေ (ခ) အာဆီယံသပြေ စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်း
Oct 25,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ၊ပေါက်ကုန်းကျေးရွာတွင် စီးပွားဖြစ်စိုက်ပျိုးထားသော ရွှေသပြေ(ခ)အာဆီယံသပြေ စိုက်ပျိုးအောင်မြင်နေကြောင်းသိရသည်။ အဆိုပါ သပြေများကို စနှစ်တကျ စိုက်ပျိုးလျက်ရှိသူက " ကျွန်တော် စိုက်ပျိုးတဲ့ အောင်သပြေ(ခ)အာဆီယံသပြေတွေကို ဟိုတယ်တွေနဲ့ အိမ်တွေမှာ အလှစိုက်တာများပါတယ်။ ဒီသပြေကို စီးပွားဖြစ်စိုက်ပျိုးရန် ရည်ရွယ်ပြီး ၂၀၁၄ ခုနစ်က ရန်ကုန်မြို့မှာ သွားရောက်ဝယ်ပါတယ် ၊ ပျိုးပင်တစ်ပင်ကို ၁၅၀၀ ကျပ်နဲ့ ငွေကျပ် ၅ သိန်းဖိုးဝယ်ယူပြီး စတင်စိုက်ပျိုးပါတယ်၊ မစိုက်ပျိုးမီမှာ တစ်ပေပါတ်လည်ကျင်းများတူးပြီး ကျင်းအတွင်း နွားချေး ၊ ပုလဲ မြေသြဇာ၊ တီစူပါမြေသြဇာတို့ရောစပ်ပြီး ကျင်းအတွင်းထည့် ရေ လောင်းထားကာ ၅ ရက်အကြာ ထားပြီးစိုက်ပျိုးပါတယ်။ ဒီအပင်တွေက ရေကြိုက်တယ်၊ စိုက်ပြီး ၃ နစ်ကြာတဲ့အချိန်မှာ အညွန့်စဖြတ် ရပါတယ် ၊ ၅ နှစ်ပြည့်တဲ့အချိန်မှာ အညွန့်များ လှိုင်လှိုင်ခူးနိင်ပါတယ်" ဟုအောင်သပြေစိုက်ပျိုးသူ ဦးနိုလင်းက ယခုလိုပြောပြသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်း စေ့စပ်ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ
Oct 25,2020
၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် တတိယအကြိမ်မြောက် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်း စေ့စပ်ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
သီတင်းကျွတ်မီးထွန်းပွဲတော်အတွက် အိမ်တွင်းမှုလုပ်ငန်းဖြင့် မီးပုံးပျံများ ထုတ်လုပ်ရောင်းချ
Oct 25,2020
ပုသိမ်မြို့၊ အမှတ်-၂ နယ်မြေရွှေစည်းခုံလမ်းတွင် နှစ်စဉ်မီးပုံးပျံ ထုတ်လုပ်ရောင်းချလျက်ရှိသော ဒေါ်မြင့်မြင့်ရည်က မီးပုံးပျံပြုလုပ်ခြင်းနှင့် ပတ်သက်၍ ယခင်နှစ်များက ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ ကြိုတင်မှာ ယူမှုများရှိခဲ့ပြီး ယခုနှစ်တွင် ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားနေချိန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အသွားအလာ ကန့်သတ်ခြင်းအမိန့်များ ထုတ်ပြန်ထားမှုကြောင့် ယခုနှစ်တွင် ပုသိမ်မြို့ပေါ်နှင့် ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်များသို့သာ ဖြန့်ဖြူးရောင်းချနေရခြင်းကြောင့် ရောင်းအား ကျဆင်းလျက်ရှိကြောင်း ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့၌ အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မဲပုံးနှင့်မဲရုံသုံးပစ္စည်းများ ထုတ်ပေး
Oct 25,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀ပြည့်နှစ် ၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်း ပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် မဲရုံသုံးပစ္စည်းများကို လှိုင်းဘွဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲရုံးများသို့ ယနေ့နံနက်ပိုင်းမှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့မှူးမြို့နယ်တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူး သင်တန်းဖွင့်လှစ်
Oct 25,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲရုံများတွင် တာဝန် ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်ပွဲကို ရန်ကုန် တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ ကြီးမှူး၍ ယနေ့ နံနက်(၁၀)နာရီက နတ်စင်ကုန်း ကျေးရွာ မင်္ဂထဖလာစမ်းချောင်း ဘုန်းတော်ကြီးကျောင်းတိုကဓမ္မာရုံ၌ ဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် အတွင်းရေးမှူး များ အား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်လှစ်
Oct 25,2020
ကျောက်ဆည်ခရိုင် တံတားဦးနယ်တွင် ၂၀၂၀-ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်လှစ် ခြင်းကို ယနေ့နံနက်(၉)နာရီက မြို့မအခြေခံပညာ အလယ်တန်း ကျောင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28508
Page
28509
Page
28510
Page
28511
Current page
28512
Page
28513
Page
28514
Page
28515
Page
28516
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department