အမြို့မြို့အနယ်နယ်သတင်းများ

Oct 25,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် CERP အစီအစဉ်ဖြင့် စိုက်ပျိုးသော ဧရာမင်းမိုးစပါး စိုက်ပျိုးကွက်များအား မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှ ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းတွင် ပျဉ်းခုံကြီး ကျေးရွာနေ အခြားတောင်သူများ၏ စိုက်ပျိုးကွက်များအား ဆင်းကြည့်ရှုစစ်ဆေးခဲ့ကြ ကြောင်း သိရ သည်။
Oct 25,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲထိ အ.ထ.က( ၂)ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Oct 25,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲအား အင်္ဂပူမြို့နယ်တွင် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း များ ဆောင်ရွက်နိုင်‌ရန် အင်္ဂပူမြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးမှ ဒေသအလိုက် ရပ်ကွက်၊ ကျေးရွာ ကော်မရှင် အဖွဲ့ခွဲများမှ တာဝန်ရှိသူများအား ယမန်နေ့က မဲရုံသုံးပစ္စည်းများအား ထုတ်ပေးလျက်ရှိကြောင်း သိရ သည်။
Oct 25,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်ဒေသဖွံ့ဖြိုးရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူး ဦးမျိုးသန့်နှင့်တာဝန်ရှိသူတို့သည် ယမန်နေ့ နံနက် (၁၁) နာရီအချိန်က တောင်တန်းသာသနာပြု ကျောင်းတိုက်၌ အလှူငွေများ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
Oct 25,2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာနှစ်ဦး ယနေ့ နံနက်ပိုင်းက ဆေးရုံဆင်းခွင့်ရပြီဖြစ် ကြောင်း သပိတ်ကျင်းမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
Oct 25,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အပြင်ပဒံ ကျေးရွာအုပ်စု ကျွန်းကြီး ကျေးရွာရှိ စီမံကိန်းမြေနေရာအား ယနေ့ နံနက် (၉:၃၀) နာရီခန့်က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Oct 25,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် လေးအိမ်စုကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှစ၍ လပြည့်သိမ်းကုမ္မဏီမှ တာဝန်ယူ ဆောက်လုပ်ခဲ့သော ကျောင်းဆောင်သစ် အဆောက်အဦသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ကုန်တွင် ရာနှုန်းပြည့် ဆောက်လုပ်ပြီးစီးခဲ့ကြောင်း သိရသည်။
Oct 25,2020
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ Quarantine Center များတွင် Quarantine ဝင်ရောက်နေ သူများအနေဖြင့် ဆန္ဒမဲပေးရန်တောင်းဆိုမှုများရှိလာပါက နည်းလမ်း၂မျိုးဖြင့် ဆောင်ရွက်ပေးသွား မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။