အမြို့မြို့အနယ်နယ်သတင်းများ

Oct 25,2020
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်ရှိ အနာကြီးရောဂါကိုယ်အင်္ဂါချို့ယွင်းမှု အဆင့်(၂)ရှိသူများအား နိုင်ငံတော်မှပေးအပ်သော ထောက်ပံ့ငွေများကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
Oct 25,2020
ဂန့်ဂေါမြို့နယ်တွင် မြေပဲကို ဆောင်းရာသီသီးနှံအဖြစ် ယခင်နှစ်ကထက် တိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးထားသော ဆောင်းမြေပဲစိုက်ခင်းများတွင် ပိုးမွှားရောဂါကာကွယ်နှိမ်နင်း နိုင်ရေးအတွက် ပိုးမွှားရောဂါ ကင်းထောက်စစ်ဆေးခြင်းလုပ်ငန်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Oct 25,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်မဲရုံမှူး၊ ဒုတိယမဲရုံမှူးသင်တန်းတွင်ဆန္ဒမဲပေးခြင်းသရုပ်ပြရန်ကြိုတင်ပြင်ဆင်ခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက အမက(၆) မူလွန်ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Oct 25,2020
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ငါ့သရောက်မြစ်ရေတင်မှပေးလွှတ် သော လျှပ်စစ်မြစ်ရေတင်ရေဖြင့် မိုးစပါး ၆၀၄ဧက စိုက်ပျိုးပြီးစီးအောင်မြင်ဖြစ်ထွန်းနေပြီ ဖြစ်ကြောင်းငါ့သရောက်လျှပ်စစ်မြစ်ရေတင်တာဝန်ခံဦးအောင်အောင်(ဦးစီးအရာရှိ)က ပြောကြားသည်။
Oct 25,2020
​ကျောက်တံတားမြို့နယ် ၃၈ လမ်း​ရှိ Community Based Facility Quarantine Center (ပြည်သူအ​​ခြေပြု အသွားအလာကန့်သတ်​​​စောင်ကြည့်​နေရာသို့ ကိုဗစ်-၁၉​ ရောဂါ ကာကွယ်၊ ကုသထိန်းချုပ်​ရေး လုပ်ငန်းများ​ ဆောင်ရွက်နိုင်ရေးအတွက် အလှူ​ငွေနှင့် ပစ္စည်းများကို မြို့နယ်အတွင်းရှိ ပြည်သူများနှင့် အလှူရှင်​စေတနာရှင်များမှ​ နေ့စဉ်လာ​ရောက်လှူဒါန်း ​ပေးလျက်ရှိရာ ယ​​မန်​နေ့ ​နေ့လယ်က LibyCompany က Quarantine Centre အတွက်​ တန်ဘိုး​ငွေကျပ်(၇၆၀၀၀ဝိ/-)(​ကျပ်-ခုနှစ်သိန်း​ခြောက်​သောင်း) တန်ဘိုးရှိ PPE ဝတ်စုံ(၄၀)၊ Liby ပိုးသတ်​ဆေးဘူး (၆၀) ဘူးတို့အား လာ​ရောက် လှူဒါန်းမှုအား တိုင်း​ဒေသကြီးလွှတ်​တော် ကိုယ်စားလှယ် ​ဒေါ်မြလှစံနှင့် ဒုတိယမြို့နယ်အုပ်ချုပ်​ရေးမှူး ဦးမျိုးမြင့်နှင့်အဖွဲ့က လက်ခံရယူခဲ့​ကြောင်း သိရသည်။
Oct 25,2020
​ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉​ ရောဂါ ဖြစ်ပွား​နေသည့် ကာလအတွင်း စား​သောက်​ရေး အခက်အခဲရှိ​နေ​သော မိသားစုများ အဆင်​ပြေ​စေရန် ရည်ရွယ်ကာ ကိုဗစ်-၁၉​​ ရောဂါ ထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ်တုံ့ပြန်ရေး​ကော်မတီမှ ဦးဆောင်၍ မြို့နယ်အတွင်း​နေထိုင်ကြ​သော အမှန်တကယ်အခက် အခဲရှိ​နေ​​​သော အိမ်​ထောင်စုများသို့ အ​ခြေခံစား​သောက်ကုန်ပစ္စည်းများကို​ ထောက်ပံ့​ပေးအပ်လျက်ရှိရာ ယမန်​နေ့​ နေ့လယ်က (၃၈)လမ်းနှင့် (၃၉)လမ်း(အလယ်ဘ​လောက်)ရှိ အိမ်​​ထောင်စု(၃၀၀)ထံသို့ အမျိုးသားလွှတ်​​တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ်နှင့် အမှတ်(၂)တိုင်း​ဒေသကြီး လွှတ်​တော်ကိုယ်စားလှယ်တို့က အ​ခြေခံစား​သောက်ကုန်များကို ပြည်သူ့များ လက်ဝယ်အ​ရောက် ထောက်ပံ့​ပေးအပ်ခဲ့​ကြောင်း သိရသည်။
Oct 25,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ​ကျောက်တံတားမြို့နယ် Community Based Facility Quarantine Center​ရှိ အသွားအလာကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် ယ​နေ့ နံနက်ပိုင်းက တိုရှီဘာ​ကျော်ဝင်းနှင့် ၃၆ လမ်းလူငယ်များအဖွဲ့မှ နံနက်စာအာဟာရ ဒါနအဖြစ်​ ခေါက်ဆွဲ​ကြော်၊ နန်းကြီးသုတ်နှင့်​ ကော်ဖီ ဘူးများ လာရောက်လှူဒါန်း​ပေးခဲ့ကြောင်း သိရသည်။
Oct 25,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်း စဉ်များတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ အနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများနှင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ZEP Electronic သုံးစွဲသူများ အရောင်းကိုယ်စားလှယ် များနှင့် ဝန်ထမ်းမိသားစုများမှ PPE Level 2 ဝတ်စုံ (၁၅၀) စုံအား အမှတ်(၁၂)ရပ်ကွက်၊ အမှတ်(၁၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများသို့ ယမန်နေ့ နံနက်ပိုင်းက ခွဲဝေလှူဒါန်း ခဲ့ကြောင်း သိရသည်။